နောင်တရား စက်တင်ဘာ ၉
ဆေးရုံပတ်ဝန်းကျင်သန့်ရှင်းသာယာလှပရေးနှင့် ခြင်မှတဆင့် ကူးစက်တက်သည့် ရောဂါများမရှိစေရေးအတွက် ရှမ်းပြည်နယ်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ နောင်တရားမြို့ တိုက်နယ်ပြည်သူ့ဆေးရုံ ပတ်ဝန်းကျင်၌ နောင်တရားမြို့ မြို့အုပ်ချုပ်ရေး ဦးအယ်လ်အောင်ဒင်မှိုင်က ကြီးကြပ်ပြီး ဌာနဆိုင်ရာ ဝန်ထမ်းများနှင့် ဒေသခံပြည်သူများ ယနေ့နံနက်ပိုင်းတွင် စုပေါင်းသန့်ရှင်းရေးဆောင်ရွက်သည်။
ဆေးရုံပတ်ဝန်းကျင် သန့်ရှင်းသာယာလှပရေးနှင့် ခြင်မှတဆင့်ကူးစပ်တက်သည့် ရောဂေါများ မဖြစ်ပါပွားစေရေးအတွက် နောင်တရားမြို့ ဌာနဆိုင်ရာဝန်ထမ်းများနှင့် ဒေသခံ ပြည်သူများစုပေါင်း၌ ပေါင်းမြက်များ ခုတ်ထွင်ရှင်းလင်းခြင်း၊ ရေစီးရေလာကောင်းမွန်စေရေး အတွက် ရေမြောင်းများဖော်ခြင်း၊ ဆေးရုံသုံးအမှိုက်များ ရှင်းလင်းခြင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံး