မဘိမ်း စက်တင်ဘာ ၇
ရှမ်းပြည်နယ်(မြောက်ပိုင်း) မိုးမိတ်ခရိုင်၊ မဘိမ်းမြို့နယ်၌ မွေးကင်းစမှအသက်တစ်နှစ်ခွဲအောက် ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေး ထိုးနှံတိုက်ကျွေးပေးခြင်းကို စက်တင်ဘာ ၇ရက် နံနက် ၉ နာရီအချိန်က မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၌ ထိုးနှံတိုက်ကျွေးပေးလျက်ရှိကြောင်း သိရှိရသည်။
ထိုသို့ ပုံမှန်ကာကွယ်ဆေး ထိုးနှံတိုက်ကျွေးရာတွင် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ကျန်းမာရေးဝန်ထမ်းများက ကာကွယ်ဆေးထိုးနှံကြမည့် ကလေးငယ်များအား ကိုယ်အပူချိန်တိုင်း တာပေးခြင်း၊ စာရင်းအချက်အလက်များကောက်ယူခြင်းနှင့် ကျန်းမာရေးစစ်ဆေးခြင်းများဆောင် ရွက်ပေးပြီး မွေးကင်းစမှအသက်တစ်နှစ်ခွဲအောက် ကလေးငယ်များအား အဆုတ်ရောဂါကာကွယ် ဆေး၊ ငါးမျိုးစပ်ဆေး၊ ဆုံဆို့ကြက်ညှာ၊ အသည်းရောင်အသားဝါ၊ ဦးနှောက်အမြှေးရောင်ရောဂါ၊ နမိုးနီးယားကာကွယ်ဆေး၊ ပိုလီယိုသောက်ဆေးနှင့် ထိုးဆေး၊ ပြင်းထန်ဝမ်းရောဂါကာကွယ်ဆေး စသည့် ပုံမှန်ကာကွယ်ဆေးများကို အသက်အပိုင်းအခြားအလိုက် စနစ်တကျ ထိုးနှံတိုက်ကျွေးပေး ခဲ့ကြောင်း သိရသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံး