ပင်းတယ စက်တင်ဘာ ၃

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတယမြို့နယ် ကျားကုန်းစံပြကျေးရွာတွင် သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ရှမ်းပြည်နယ် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနကကြီးမှုး၍ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ “အသေးစား ထုတ်ကုန်လုပ်ငန်းများ ဖန်တီးပေးနိုင်ရေးနှင့် ကျေးလက်နေမိသားစုများ ဝင်ငွေတိုးရေး စီမံကိန်းခေတ်မှီစံပြကျေးရွာရှိ ကျေးလက်နေပြည်သူများဝင်ငွေတိုးရေလုပ်ငန်း(စက်ချုပ်)”သင်တန်း ဆင်းပွဲ အခမ်းအနားကို ယမန်နေ့နံနက် ၁၁ နာရီက ကျားကုန်း ကျေးရွာဘုန်းတော်ကြီးကျောင်းတွင် ကျင်းပခဲ့သည်။
ရှေးဦးစွာ ရှမ်းပြည်နယ်အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ ပြည်နယ်ဦးစီးမှူး ဦးစိုးနိုင်ထူးက သင်တန်းဆင်းအမှာစကား ရှင်းလင်းပြောကြားပြီး၊ မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ ဥက္ကဌ ဦးကျော်မိုးလွင်က သင်တန်းသူ၊သင်တန်းသားများအား သင်တန်းမှလေ့လာသင်ယူထားသည့်ပညာများအား မိသားစုဝင်ငွေတိုးရေး လက်တွေ့အကောင်အထည်ဖော် ဆောင်ရွက်ကြရန် စသဖြင့်ပြောကြားပေးသည်။
ထို့နောက် သင်တန်းမှထွက်ရှိသော ပစ္စည်းများအား တာဝန်ရှိသူများကပေးအပ်ရာ သင်တန်းသူ၊သင်တန်းသားများကလက်ခံရယူခဲ့ကြကြောင်း၊အဆိုပါ သင်တန်းတွင် သင်တန်းသား၊ သင်တန်းသူ ၁၅ ဦးတက်ရောက်ခဲ့ကြပြီး၊သင်တန်းကာလမှာ ဩဂုတ်လ ၄ ရက်နေ့မှ စက်တင်ဘာလ ၂ ရက်နေ့အထိဖြစ်ကြောင်း သိရသည်။

ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံး