နမ့်ခမ်း     စက် ၁

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ နမ့်ခမ်းမြို့၊ အမှတ်(၁)အခြေခံပညာအထက်တန်း ကျောင်းရှိ သီရိရွှေရည်ခန်းမ၌ စက်တင်ဘာလ၁ရက် နံနက် (၉)နာရီခွဲတွင် မြို့နယ်ပြည်သူ့ကျန်းမာရေး ဌာနနှင့် ပညာရေးဌာနတို့ ပူးပေါင်းဆောင်ရွက်ခဲ့သည့် ၂၀၂၃-၂၀၂၄ပညာသင်နှစ်အတွက် အခြေခံ ပညာရေးကျောင်းများမှ ကျန်းမာရေးသီတင်းပတ်လှုပ်ရှားမှုနှင့် ကျန်းမာရေးအဆင့်မြှင့်ကျောင်း ထူးချွန်ဆုချီးမြှင့်ခြင်း အခမ်းအနား ကျင်းပဆောင်ရွက် ကြောင်းသိရသည်။
အဆိုပါအခမ်းအနားတွင် မြို့နယ်ပြည်သူ့ကျန်းမာရေးဌာန၊ ကုတင်(၁၀၀)ဆန့်ပြည်သူ့ဆေးရုံမှ ဆေးရုံအုပ်ကြီး ဒေါက်တာစိုင်းလှတင်မှ ကျောင်းကျန်းမာရေး စံပြ၊ ထူးချွန်ကျောင်းဆု ချီးမြှင့် ပေးခြင်းနှင့် ပတ်သက်၍ကျောင်းကျန်းမာရေးသီတင်းပတ်လှုပ်ရှားမှု ဆောင်ရွက်ခဲ့ရာတွင် ကျောင်း
ကျန်းမာရေးအတွက် အဖက်ဖက်မှ ပြည့်စုံလာနိုင်စေရေးအတွက် ဆောင်ရွက်သင့်သည်များကို ဆွေးနွေး၊ ရှင်းလင်းပြောကြားခဲ့ကြောင်းသိရသည်။
ထို့နောက် ၂၀၂၃-၂၄ ပညာသင်နှစ်အတွက်ကျန်းမာရေးအဆင့်မြင့်ကျောင်းထူးချွန်ဆုများကို မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဝင်းအောင်မှ အခြေခံပညာ အထက်တန်းကျောင်းအဆင့်မှ ထူးချွန်ဆုရ အ.ထ.က (၂) ကျောင်းမှကျောင်းအုပ်ဆရာမကြီး ဒေါ်သင်းသွယ်သွယ်ဝင်း ၊ အလယ်တန်းကျောင်း အဆင့်မှထူးချွန်ဆုရ အ.လ.က (ကောင်းဆာ)ကျောင်းမှ ကျောင်းအုပ်ဆရာမကြီးဒေါ်ထွေးထွေးမြင့် နှင့် မူလတန်းကျောင်းအဆင့် ထူးချွန်ဆုရ အ.မ.က(၁)ကျောင်းမှကျောင်းအုပ်ဆရာမကြီး ဒေါ်အေစုမ် တို့အား ထူးချွန်ဆုများကို  ချီးမြှင့်ပေးအပ်ခဲ့သိရသည်။
အခမ်းအနားသို့ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဝင်းအောင်နှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မြို့နယ်အတွင်းရှိ အခြေခံပညာရေးကျောင်းမှ ကျောင်းအုပ်ဆရာကြီး၊ဆရာမကြီး များနှင့် ဆရာ၊ဆရာမများက တက်ရောက်ခဲ့ကြကြောင်း သိရှိရသည်။ 

ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံး