လားရှိုး သြဂုတ်-၃၁
၂၀၂၃ခုနှစ် ရှမ်းပြည်နယ်ဝန်ကြီးချုပ်ဖလား၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း/ဒေသများနှင့် ခရိုင်များ အလိုက် အသက်(၂၅)နှစ်အောက် ပြေးခုန်၊ပစ်ပြိုင်ပွဲ ဆုပေးပွဲအခမ်းအနားကို သြဂုတ်(၃၀)ရက် နံနက်(၈)နာရီက လားရှိုးမြို့၊ ပြည်ထောင်စုအားကစားကွင်း၌ ကျင်းပသည်။
ဆုပေးပွဲတွင် ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ဇော်အေး၊ အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းဦးစီးချုပ်၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူး၊ ပြည်နယ်၊ခရိုင်၊မြို့နယ်အဆင့် ဌာနဆိုင်ရာများနှင့် တာဝန်ရှိသူများက အမျိုးသား/အမျိုးသမီး မီတာ(၁၀၀)၊ နှင့်လက်ဆင့်ကမ်းပြိုင်ပွဲ ယှဉ်ပြိုင်နေမှုကို ကြည့်ရှုပြီး ဆုချီးမြှင့်ပွဲကျင်းပရာ လှံတံပစ် အမျိုးသား/အမျိုးသမီး ပထမ၊ဒုတိယ၊ တတိယ ဆုရရှိသူများကို ဆုတံဆိပ်နှင့်ငွေသားဆုများကို လားရှိုးခရိုင်စီမံအုပ်ချုပ်ရေးမှူး ဥက္ကဋ္ဌ ဦးမျိုးမင်းထွန်းမှ ဆုချီးမြှင့်ပေး၍လည်းကောင်း၊ မီတာ(၈၀၀) အမျိုးသား/အမျိုးသမီး ပထမ၊ဒုတိယ၊ တတိယဆုရှိသူများကို ဆုတံဆိပ်နှင့်ငွေသားဆုကို ပြည်နယ်အစိုးရအဖွဲ့ခွဲ (ရှမ်းမြောက်)ဥက္ကဋ္ဌ ဦးမျိုးကျော်မှ ချီးမြှင့်ပေး၍လည်းကောင်း၊ (၁၁၀)တန်းကျော်ပြိုင်ပွဲတွင် အမျိုးသား ပထမ၊ဒုတိယ၊တတိယဆု ရရှိသူများကို ဆုတံဆိပ်နှင့် ငွေသားဆုများကို ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူး ဦးစိုင်းသော်ဝင်းမှ ချီးမြှင့်ပေး၍ လည်းကောင်း ၊ ကြိုးတပ်သံလုံးပစ်ပြိုင်ပွဲတွင် အမျိုးသား၊အမျိုးသမီး ပထမ၊ဒုတိယ၊တတိယဆုရရှိသူများကို ဆုတံဆိပ်နှင့်ငွေသားဆုကို ပြည်နယ်ဥပဒေချုပ် ဦးစိုင်းကျော်ဇံမှ ချီးမြှင့်ပေး၍လည်းကောင်း၊ မီတာ(၁၀၀) အမျိုးသား/အမျိုးသမီး ပထမ၊ဒုတိယ၊တတိယဆုရရှိသူများကို ဆုတံဆိပ်နှင့်ငွေသားဆုများကို ပြည်နယ်လမ်းပန်း ဆက်သွယ်ရေး ဝန်ကြီးရဲမှူးချုပ်တင်ကိုကိုမှ ချီးမြှင့်ပေး၍ လည်းကောင်း၊မီတာ(၄၀၀×၄) အမျိုးသား/အမျိုးသမီး တတိယ၊ဒုတိယ၊ပထမဆုရှိသူများကို ဆုတံဆိပ်နှင့်ငွေသားဆုကို ပြည်နယ်လူမှုရေးရာ ဝန်ကြီး ဦးအေးလှိုင်မှ ချီးမြှင့်ပေး၍လည်းကောင်း ၊ မီတာ(၂၀၀) အမျိုးသား/အမျိုးသမီး ပထမ၊ဒုတိယ၊တတိယဆု ရရှိသူများကို ဆုတံဆိပ်နှင့်ငွေသားဆုကို ပြည်နယ်သယံဇာတရေးရာဝန်ကြီး ဦးစိုင်းလိတ်မှ ချီးမြှင့်ပေး၍လည်းကောင်း ၊ လမ်းလျှောက်ပြိုင်ပွဲ အမျိုးသား/အမျိုးသမီး ပထမ၊ဒုတိယ၊တတိယဆု ရရှိသူများကို ဆုတံဆိပ်နှင့်ငွေသားဆုများကို ပြည်နယ်လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးစိန်ဝင်းမှ ချီးမြှင့်ပေး၍ လည်းကောင်း ၊မီတာ (၃၀၀၀) တားဆီးကျော်ပြိုင်ပွဲတွင် အမျိုးသား/အမျိုးသမီး ပထမ၊ဒုတိယ၊တတိယဆုရရှိသူများကို ဆုတံဆိပ်နှင့် ငွေသားဆုကို အရှေ့မြောက်တိုင်း စစ်ဌာနချုပ် တိုင်းဦးစီးချုပ်မှချီးမြှင့်ပေး၍လည်းကောင်း ၊ မီတာ(၁၅၀၀) အမျိုးသား/အမျိုးသမီး ပထမ၊ဒုတိယ၊တတိယ၊ မီတာ(၁၀၀၀၀) အမျိုးသား/အမျိုးသမီး ပထမ၊ဒုတိယ၊တတိယဆု ရရှိသူများနှင့် တံခွန်စိုက်ဆုရ အမျိုးသား ကျောက်မဲခရိုင်အသင်း၊ အမျိုးသမီး ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသဓနုအသင်း၊ စုပေါင်းတံခွန်စိုက်ဆုရ ဓနုအသင်းတို့ကို ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ဇော်အေးက ချီးမြှင့်ပေးပြီး ပြိုင်ပွဲတစ်လျှောက် ကူညီဆောင်ရွက်ပေးသော ကြက်ခြေနီတပ်ဖွဲ့ ၊ အကဲဖြတ်ဒိုင်အဖွဲ့ ၊ လားရှိုးအားကစားနှင့်ကာယပညာဦးစီးဌာနတို့အား ပြည်နယ်ဝန်ကြီးချုပ်က ဂုဏ်ပြုချီးမြှင့်ငွေ ပေးအပ်ခဲ့ကြောင်းသိရသည်။
ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ် ၊ ပြည်နယ်ဝန်ကြီးများ ၊ ပြည်နယ်ဥပဒေချုပ် ၊ ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူး ၊ ပြည်နယ် ၊ ခရိုင်မြို့နယ်အဆင့် ဌာနဆိုင်ရာများနှင့် တာဝန်ရှိသူတို့သည် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြု ဗဟိုဌာန(လားရှိုး)တို့ကို သွားရောက် ကြည့်ရှုကြပြီး ပြည်နယ်ဝန်ကြီးချုပ်က ဂုဏ်ပြုချီးမြှင့်ငွေများပေးအပ်ခဲ့၍ လားရှိုးမြို့ ၊မဟာဗောဓာရုံ ကျောင်းတိုက် ဦးစီးပဓာန နာယကဆရာတော်နိုင်ငံတော်သြဝါဒစရိယ ဘဒ္ဒန္တနာရဒနှင့် သာသနာ(၂၅၀၀) ကျောင်းတိုက် ဆရာတော် ဘဒ္ဒန္တကေသရတို့အား သွားရောက်ဖူးမျှော်ကြည်ညိုကန်တော့၍ လှူဖွယ်ဝတ္ထု ပစ္စည်းနှင့် နဝကမ္မအလှူငွေများ လှူဒါန်းပေးကြကြောင်း သိရှိရသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံး