ကျိုင်းတုံ သြဂုတ်-၂၅
ရှမ်းပြည်နယ်(အရှေ့ပိုင်း)အတွင်းရှိ ကိုယ်ဝန်ဆောင်မိခင်များနှင့် ၎င်းတို့မှမွေးဖွားလာသော အသက်(၂)နှစ်အောက်ကလေးသူငယ်များအား ထောက်ပံ့ငွေပေးအပ်ခြင်း၊ ပရဟိတဂေဟာများ၊ ကိုယ့်အားကိုယ်ကိုးမူလတန်းကြိုကျောင်းများအား ထောက်ပံ့ငွေပေးအပ်ခြင်းနှင့် တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုအဖွဲ့များအား ထောက်ပံ့ငွေပေးအပ်ခြင်းကို သြဂုတ်(၂၄)ရက် ညနေ(၃)နာရီက ကျိုင်းတုံမြို့၊ မြို့တော်ခန်းမ၌ ကျင်းပသည်။
ထောက်ပံ့ပေးအပ်ပွဲတွင် ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ဇော်အေးက ရှမ်းပြည်နယ် (အရှေ့ပိုင်း)အတွင်းရှိ စေတနာ့ဝန်ထမ်းအဖွဲ့အစည်းများအား ဘိုးဘွားရိပ်သာ(၂)ခုအတွက် ကျပ်(၄၈၅၁၀၀၀) လေးဆယ့်ရှစ်သိန်းငါးသောင်းတစ်ထောင်တိတိ၊ ပရဟိတဂေဟာ(၅)ခုအတွက် ကျပ်(၅၁၀၀၆၀၀၀) ငါးရာတစ်ဆယ်သိန်း ခြောက်ထောင်တိတိ၊ ကိုယ့်အားကိုယ်ကိုးမူလတန်းကြိုကျောင်း(၃၂)ကျောင်းအတွက် ကျပ်(၃၀၇၂၀၀၀၀)သုံးရာခုနှစ်သိန်းနှစ်သောင်းတိတိတို့ကို ထောက်ပံ့ပေးအပ်သွားမည်ဖြစ်ကြောင်း၊ ကိုယ်ဝန်ဆောင်မိခင်နှင့် ၎င်းတို့မှမွေးဖွားလာသော အသက်(၂)နှစ်အောက် ကလေးသူငယ်များအတွက် ကျိုင်းတုံခရိုင်အတွင်းရှိ ကိုယ်ဝန်ဆောင်(၁၇၁၀)ဦး၊ ကလေး(၃၇၈၅)ဦး၊ စုစုပေါင်း(၅၄၉၅)ဦးတို့အတွက် စုစုပေါင်း ထောက်ပံ့ငွေ ကျပ်(၂၃၇၀၆၀၀၀၀) နှစ်ထောင်သုံးရာခုနှစ်ဆယ်သိန်းခြောက်သောင်းကျပ် တိတိအားလည်းကောင်း၊ တာချီလိတ်ခရိုင်အတွင်း ကိုယ်ဝန်ဆောင်(၇၈၀)ဦး ၊ ကလေး(၁၁၅၄)ဦး ၊ စုစုပေါင်း(၁၉၃၄)ဦးတို့အတွက်စုစုပေါင်းထောက်ပံ့ငွေ ကျပ်(၈၂၉၂၀၀၀၀)ရှစ်ရာနှစ်ဆယ့်ကိုးသိန်း နှစ်သောင်းကျပ် တိတိအားလည်းကောင်း၊ မိုင်းဆတ်ခရိုင်အတွင်း ကိုယ်ဝန်ဆောင်(၆၁၃)ဦး၊ ကလေး(၈၃၆)ဦး၊ စုစုပေါင်း(၁၄၄၉)ဦးတို့အတွက် စုစုပေါင်းထောက်ပံ့ငွေကျပ်(၆၂၅၀၅၀၀၀) ခြောက်ရာနှစ်ဆယ့်ငါးသိန်း ငါးထောင်ကျပ်တိတိ ၊ ရှမ်းပြည်နယ်(အရှေ့ပိုင်း)အတွက် စုစုပေါင်းထောက်ပံ့ငွေ ကျပ်(၄၆၉၀၆၂၀၀၀) လေးထောင်ခြောက်ရာကိုးဆယ်သိန်းခြောက်သောင်းနှစ်ထောင်ကျပ်တိတိတို့အား ထောက်ပံ့ပေးသွားမည် ဖြစ်ကြောင်း ပြောကြားသည်။
ဆက်လက်၍ ရှမ်းပြည်နယ် လူမှုဝန်ထမ်းရုံး၊ ညွှန်ကြားရေးမှူး ဦးဇော်မင်းက ထောက်ပံ့ကြေးပေးရခြင်းအကြောင်းနှင့်ပတ်သက်၍ ရှင်းလင်းပြီး ရှမ်းပြည်နယ်(အရှေ့ပိုင်း)အတွင်းရှိ ကိုယ်ဝန်ဆောင်မိခင်နှင့် ၎င်းတို့မှ မွေးဖွားလာသောအသက်(၂)နှစ်အောက် ကလေးသူငယ်များအား ထောက်ပံ့ငွေပေးအပ်ခြင်း၊ပရဟိတဂဟေများနှင့် ကိုယ့်အားကိုယ်ကိုး မူလတန်းကြိုကျောင်းများအား ထောက်ပံ့ငွေပေးအပ်ရာ ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ဇော်အေးက ကျိုင်းတုံ ဘိုးဘွားရိပ်သာ၊ရွှေတောင်တန်းပရဟိတဂေဟာ၊ကိုယ့်အားကိုယ်ကိုးမူလတန်းကြိုကျောင်း(ကျိုင်းတုံ)တို့ကို ထောက်ပံ့ပေးအပ်၍ လည်းကောင်း၊တြိဂံဒေသ တိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်အောင်ခိုင်ဝင်းက စိန်မေရီ မသန်စွမ်း(ခ)ချမ်းမြေ့ရိပ်မြုံမသန်စွမ်းဂေဟာကျိုင်းတုံ၊အောင်မင်္ဂလာပရဟိတဂေဟာတာချီလိတ်၊ကိုယ်အားကိုယ်ကိုး မူလတန်းကြိုကျောင်း တာချိလိတ်တို့ကို ထောက်ပံ့ပေးအပ်၍လည်းကောင်း၊ မေတ္တာရိပ်မြုံ ပရဟိဂေဟာကျိုင်းတုံ၊ပြည့်စုံသတ်တာပရဟိတဂေဟာ(တာချီလိတ်)၊တာချီလိတ်ဘိုးဘွားရိပ်သာနှင့်ကျိုင်းတုံမြို့မှကိုယ်ဝန်ဆောင်မိခင်များကိုယ်စား(၁)ဦးကိုယ်ဝန်ဆောင်မိခင်များမှမွေးဖွားလာသောကလေး(၁)ဦး၊ ကျိုင်းတုံမြို့မှ ကိုယ်ဝန်ဆောင်မိခင်များကိုယ်စား(၁)ဦး၊တာချီလိတ်မြို့မှ ကိုယ်ဝန်ဆောင် မိခင်များ ကိုယ်စား(၁)ဦး၊ ကိုယ်ဝန်ဆောင်မိခင်များမှမွေးဖွားလာသော ကလေး(၁)ဦး၊ ကိုယ်ဝန်ဆောင်မိခင်များ ကိုယ်စား(၁)ဦး၊ မိုင်းဆတ်မြို့မှကိုယ်ဝန်ဆောင်မိခင်များကိုယ်စား(၁)ဦး၊ ကိုယ်ဝန်ဆောင်မိခင်များမှ မွေးဖွားသော ကလေး(၁)ဦး၊ကိုယ်ဝန်ဆောင်မိခင်များကိုယ်စား(၁)ဦးတို့ကို ပြည်နယ်ဝန်ကြီးများက ထောက်ပံ့ပေးအပ်၍လည်းကောင်း၊ တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုအဖွဲ့များအား ထောက်ပံ့ငွေပေးအပ်ရာ ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ဇော်အေးက ဂုံရှမ်းစာပေယဉ်ကျေးမှုအဖွဲ့၊”ဝ”စာပေနှင့်ယဉ်ကျေးမှုအဖွဲ့၊ အာခါအမျိုးသားစာပေနှင့်ယဉ်ကျေးမှုအဖွဲ့တို့ကို ထောက်ပံ့ပေးအပ်၍လည်းကောင်း၊ တြိဂံဒေသ တိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်အောင်ခိုင်ဝင်းက တိုင်းလုံစာပေနှင့်ယဉ်ကျေးမှုအဖွဲ့၊ “လွယ်”စာပေနှင့် ယဉ်ကျေးမှုအဖွဲ့၊ဗမာစာပေနှင့်ယဉ်ကျေးမှုအဖွဲ့၊ပြည်နယ်ဥပဒေချုပ်က တိုင်းလိစာပေနှင့် ယဉ်ကျေးမှုအဖွဲ့၊ “အဲန်”အမျိုးသားစာပေနှင့်ယဉ်ကျေးမှုအဖွဲ့၊ အာခါစာပေနှင့်ယဉ်ကျေးမှုကော်မတီတို့ကို ထောက်ပံ့ပေးအပ်၍ လည်းကောင်း၊ရှမ်းပြည်အစိုးရအဖွဲ့ အတွင်းရေးမှူးက “အားခေ”စာပေနှင့်ယဉ်ကျေးမှုအဖွဲ့၊ တိုင်းနေစာပေနှင့် ယဉ်ကျေးမှုအဖွဲ့တို့ကို အသီးသီး ထောက်ပံ့ပေးအပ်ကြသည်။
ထို့နောက်ရှမ်းပြည်နယ်(အရှေ့ပိုင်း)အတွင်းရှိ စေတနာ့ဝန်ထမ်းအဖွဲ့အစည်းများကိုယ်စား ကိုယ်စားလှယ်တစ်ဦးနှင့် တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုအဖွဲ့များကိုယ်စား ကိုယ်စားလှယ်တစ်ဦးတို့က ကျေးဇူးတင်စကား ပြန်လည်ပြောကြားကြကြောင်းသိရှိရသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံး