မိုးမိတ် ဩဂုတ် ၁၈ ရက်
ရှမ်းပြည်နယ် (မြောက်ပိုင်း) မိုးမိတ်ခရိုင် မိုးမိတ်မြို့နယ် တွင် ခရိုင်မိခင်နှင့်ကလေးစောင့်‌ရှောက် ရေးအသင်းမှ ကိုယ်ဝန်ဆောင်မိခင်နှင့်ကလေးအမေများအား အဟာရဓာတ် လျော့နည်းမှုမရှိစေရန် အတွက် အစာ ၊အစားနှင့်အသိပညာပေးခြင်းများကို ယမန်နေ့ နံနက် ၁၀ နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
ရှေးဦးစွာ ခရိုင်မိခင်နှင့်ကလေးစောင့်‌ရှောက်ရေးအသင်းဥက္ကဌ ဒေါ်နှင်းနှင်းစိုးမှ အဖွင့်အမှာ စကားပြောကြားခဲ့ပြီး မြို့နယ်ကျန်းမာရေးဦးစီးဌာန မိခင်နှင့်ကလေးစောင့်‌ရှောက်ရေးအသင်းမှ ကျန်းမာရေးဆရာ၎င်း ဒေါ်နွယ်နီခိုင်က အိုင်အိုဒင်ဆား စားသုံးခြင်း၏ အကျိုးကျေးဇူးများ ကိုလည်းကောင်း ၊ ဆရာမ ဒေါ်အေးန္ဒာထွန်းက ကလေးမွေးဖွားစမှစတင်၍ မိခင်နို့ကိုသာအဓိက တိုက်ကျွေးနိုင်ကြရန်နှင့် အခြားအစား အစာများကိုလုံဝမကျွေးရကြောင်း ၊ ခန္ဓာကိုယ်ကြီးထွားဖွံ့ဖြိုး စေသောအစာများ ၊ ရောဂါကာကွယ်စေသောအစာများ ၊ အင်အားဖြစ်စေသော အစာများ ကို အဓိကထား ကျွေးမွေး ၊စားသုံးရမည်ဖြစ်သည်ဟု ပြောကြားခဲ့သည်။
ဆက်လက်ပြီး တက်ရောက်လာကြသော ကိုယ်ဝန်ဆောင်မိခင်နှင့်ကလေးငယ်များ အား ပေါင်းချိန်ခြင်း ၊ စနစ်တကျနို့တိုက်ကျွေးပုံပြသခြင်း ၊ အဟာရဓာတ်ရှိစေသောအစာများ ရှင်းလင်း ပြောကြားခြင်း နှင့် ကြက်ဥ ၊ ငှက်ပျော်သီး နှင့်အိုင်အိုဒင်ဆားများ ပေး‌ဝေခြင်းတို့ကို ဆောင်ရွက်ပေး ခဲ့ကြောင်းသိရသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံး