တောင်ကြီး သြဂုတ်-၁၇
(၂၄)ကြိမ်မြောက်မြန်မာ့ရိုးရာယဥ်ကျေးမှုအဆို၊အက၊အရေး၊အတီးပြိုင်ပွဲလုပ်ငန်းညှိနှိုင်းအစည်းအဝေးအမှတ်စဥ်(၁/၂၀၂၃)ကိုသြဂုတ်(၁၆)ရက်ညနေ့(၃)နာရီကတောင်ကြီးမြို့၊ရှမ်းပြည်နယ်အစိုးရရုံးအစည်းအဝေးခန်းမ၌ကျင်းပသည်။
အစည်းအဝေးတွင်(၂၄)ကြိမ်မြောက်မြန်မာ့ရိုးရာယဥ်ကျေးမှုအဆို၊အက၊အရေး၊အတီးပြိုင်ပွဲတွင်ကျင်းပရေးဦးစီးကော်မတီနာယကရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ဇော်အေးက ပြိုင်ပွဲကျင်းပရေးကော်မတီများ အနေဖြင့် ဝိုင်းဝန်းဆွေးနွေးပေးကြရန်၊ အားနည်းချက်၊အားသာချက်များ သိရှိနိုင်မည်ဖြစ်ကျောင်း၊ ယခင်နှစ်ဆောင်ရွက်ခဲ့သည့်အပေါ် အားနည်းချက်များ မရှိအောင် ဆောင်ရွက်ပေးကြရန်နှင့် အနုပညာရှင်များမှလည်း ဝိုင်းဝန်းဆွေးနွေးပေးကြရန် ပြောကြားသည်။
ဆက်လက်၍(၂၄)ကြိမ်မြောက် မြန်မာ့ရိုးရာယဥ်ကျေးမှု အဆို၊ အက၊ အရေး ၊အတီးပြိုင်ပွဲကျင်းပရေးဦးစီးကော်မတီ ဥက္ကဋ္ဌ ပြည်နယ်လူမှုရေးရာဝန်ကြီးဦးအေးလှိုင်က ဆွေးနွေးပြောကြားပြီး တက်ရောက်လာကြသောလုပ်ငန်းကော်မတီအလိုက်ဆွေးနွေးတင်ပြကြပြီး ပြည်နယ်ဝန်ကြီးချုပ်ကလိုအပ်သည်များဖြည့်စွက်ဆွေးနွေးပြောကြားခဲ့သည်။
ထို့နောက်(၂၄)ကြိမ်မြောက်မြန်မာ့ရိုးရာယဥ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲကျင်းပရေး ဦးစီးကော်မတီ နာယက ပြည်နယ်ဝန်ကြီးချုပ်ဦးအောင်ဇော်အေးက နိဂုံးချုပ်အမှာစကားပြောကြားသည်။
အဆိုပါ(၂၄)ကြိမ်မြောက်မြန်မာ့ရိုးရာယဥ်ကျေးမှု အဆို၊အက၊အရေး၊အတီးပြိုင်ပွဲကို ရှမ်းပြည်နယ် တောင်ကြီးမြို့၊ တောင်ကြီးတက္ကသိုလ်ဘွဲ့နှင်းသဘင် ခန်းမတွင် ပြည်နယ်အဆင့်ပြိုင်ပွဲကို၂၀၂၃ခုနှစ် စက်တင်ဘာလ(၂၈)ရက်မှ(၂၉)နေ့အထိကျင်းပသွားမည် ဖြစ်ကြောင်းသိရှိရသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံး