တောင်ကြီး သြဂုတ်-၁၇
၂၀၂၃ခုနှစ်၊ ရှမ်းပြည်နယ်လူငယ်ရေးရာကော်မတီ၏ ဦးဆောင်လမ်းညွှန်ကြီးကြပ်မှုဖြင့် ဖွင့်လှစ်ခဲ့သည့် အခြေခံရေကူးသင်တန်းအမှတ်စဥ်(၁/၂၀၂၃)သင်တန်းဆင်းပွဲကို သြဂုတ်(၁၇)ရက် မွန်းလွဲ(၂)နာရီက အား/ကာသိပ္ပံ(တောင်ကြီး)ရေကူးကန်၌ ကျင်းပသည်။
သင်တန်းဆင်းပွဲတွင် ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်လူမှုရေးရာဝန်ကြီး ဦးအေးလှိုင်က သင်တန်းကို ဖွင့်လှစ်ရသည့် ရည်ရွယ်ချက်မှာကျောင်းသား၊ ကျောင်းသူ လူငယ်များအနေဖြင့် အချိန်ကို အကျိုးရှိစွာ အသုံးပြုတတ်စေရန်၊ ကျန်းမာကြံ့ခိုင်ပြီး အရည်သွေးမြှင့်မားသည့် အားကစားမောင်မယ်များပေါ်ထွက်လာစေရန်၊ ရေကူးအားကစားနည်းမှ ထူးချွန်ထက်မြတ်သည့် မျိုးဆက်သစ် ရေကူးအားကစားသမားများ ပေါ်ထွက်လာစေရန်နှင့်အရေးကြုံကသက်လုံကောင်းစေရန် ရည်ရွယ်၍ ဖွင့်လှစ်ပေးရခြင်း ဖြစ်ပါကြောင်း၊သင်တန်းတွင် ကျား(၂၁)ဦး၊မ(၁၇)ဦး၊ စုစုပေါင်းသင်တန်းသားသင်တန်းသူ(၃၈)ဦး တက်ရောက်ခဲ့ကြကြောင်း နှင့်လူငယ် လူရွယ်များ အချိန်ကို အကျိုးရှိရှိ အသုံးချပြီး ငယ်ရွယ်နုပျိုစဥ် တစ်ကိုယ်ရေကျန်းမာရေးအတွက် ကိုယ်လက်လှုပ်ရှား အားကစားကို လေ့လာလိုက်စားစေရန်အတွက် ဖွင့်လှစ်ပေးရခြင်းဖြစ်ကြောင်း၊ ပြည်နယ်အတွက်အားထားရသည့် ရေကူးအားကစားသမားများ ပေါ်ထွက်လာရန် မျှော်လင့်မိပါကြောင်းပြောကြားသည်။
ဆက်လက်၍ သင်တန်းနည်းပြများ ဂုဏ်ပြုခြင်း၊ သင်တန်းဆင်းလက်မှတ်များ၊ သင်တန်းသား၊ သင်တန်းသူများမှ ထူးချွန်ဆု (၂)ဆုတို့ကို ရှမ်းပြည်အစိုးရအဖွဲ့ ပြည်နယ်လူမှုရေးရာဝန်ကြီး ဦးအေးလှိုင်က အသီးသီးချီးမြှင့်ပေးပြီး ရေကူးနည်းပြဆရာများမှရေကူးနည်း(၄)မျိုးဖြစ်သည့်လိပ်ပြာကူး၊ ပက်လက်ကူး ၊ရင်မောင်တန်းကူး၊အလွတ်ကူး(ခေါ်)လက်ပစ်ကူးခြင်းတို့ကိုသရုပ်ပြကူးခတ်ကြကြောင်းသိရှိရသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံး