တောင်ကြီးမြို့ ဇူလိုင်-၂၇
ရှမ်းပြည်နယ်အစိုးရအဖွဲ့က ရှမ်းပြည်နယ်(တောင်ပိုင်း)ရှိ စစ်မှုထမ်းဟောင်းအဖွဲ့ဝင်များအား စားသောက်ဖွယ်ရာများ ထောက်ပံ့ပေးအပ်ခြင်းကို ဇူလိုင်(၂၇)ရက် မွန်းလွဲ(၁)နာရီက တောင်ကြီးမြို့ ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပ သည်။
ထောက်ပံ့ပေးအပ်ပွဲတွင် ရှမ်းပြည်နယ်အစိုးရအဖွဲ့ ဦးအောင်ဇော်အေးက စစ်မှုထမ်းဟောင်းအဖွဲ့သည် တပ်မတော်မှာ သက်ပြည့်နှင့် တာဝန်များထမ်းဆောင် ပြီး၍သော်လည်းကောင်း၊ ကျန်းမာရေးကြောင့်သော်လည်းကောင်း၊ အသီးသီးပါဝင် စစ်မှုထမ်း ဆောင်ခဲ့ကြသည့် ပုဂ္ဂိုလ်များနှင့် ဖွဲ့စည်းထားရှိခြင်းဖြစ်ပြီး တပ်မတော်မှာ တာဝန်ထမ်းဆောင်စဉ်ကအတိုင်း ပေးအပ်သည့် တာဝန် များကို စစ်သားကောင်းပီသစွာနှင့် ပုခုံးပြောင်းယူ ဆက်လက်တာဝန် ထမ်းဆောင်သူများ ဖြစ်ပါကြောင်း၊ တပ်မတော်သည် နိုင်ငံတော်ကို ကိုယ်စားပြုသလို မြန်မာနိုင်ငံစစ်မှုထမ်းဟောင်းအဖွဲ့ကိုလည်း ပြည်သူနှင့် အမြဲထိတွေ့မှု ရှိနေသည့်အတွက် တပ်မတော် နှင့် ပြည်သူအကြား ပေါင်းကူးတံတားသဖွယ် ဆောင်ရွက်သွားရမှာဖြစ်ကြောင်း၊ ယနေ့တက်ရောက်လာသည့် စစ်မှုထမ်းဟောင်းအဖွဲ့ ကို ပြောကြားလိုသည်မှာ ကျန်းမာရေးဂရုစိုက်ရန်နှင့် ကျန်းမာရေးစောင့်ရှောက်မှုများ လုပ်ရန်လိုအပ်ပါကြောင်း၊ ဆေးကုသရာတွင် အခက်အခဲရှိပါက ဆက်သွယ်မေးမြန်း ဆောင်ရွက်ရန်နှင့် ရှမ်းပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ကူညီဆောင်ရွက်ပေး သွားမည်ဖြစ် ကြောင်း ဆွေးနွေးစရာများရှိပါက တင်ပြဆွေးနွေးကြရန် ပြောကြားသည်။
ဆက်လက်၍ ရှမ်းပြည်နယ်အစိုးရအဖွဲ့က ရှမ်းပြည်နယ်(တောင်ပိုင်း)ရှိ စစ်မှုထမ်းဟောင်း အဖွဲ့ဝင်များအား စားစရာပစ္စည်း များကို ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ဇော်အေး၊ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် ဒုတိယတိုင်မှူး၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူးတို့က ထောက်ပံ့ပေးအပ်ရာ တောင်ကြီးမြို့နယ်၊ ကလောမြို့နယ်၊ ရပ်စောက်မြို့နယ်၊ ပင်းတယမြို့နယ်၊ ဟိုပုံးမြို့နယ်၊ ဆီဆိုင်မြို့နယ်၊ ပင်လောင်းမြို့နယ်၊ ရွာငံမြိုု့နယ်၊ ဖယ်ခုံမြို့နယ်၊ စစ်မှုထမ်း ဟောင်းအဖွဲ့မှ အသီးသီးလက်ခံကြပြီး ရှမ်းပြည်နယ်(တောင်ပိုင်း) စစ်မှုထမ်းဟောင်း ကြီးကြပ်အဖွဲ့ ဥက္ကဌ ဗိုလ်မှူးကြီးမြင့်ရွှေ (အငြိမ်းစာ)မှ ကျေးဇူးတင်စကား ပြန်လည်ပြောကြားပြီး ရှမ်းပြည်နယ်(တောင်ပိုင်း)ရှိ စစ်မှုထမ်းဟောင်းအဖွဲ့ဝင် (၃၃၄၄)ဦး အရံ (၆၇၆၁)ဦး စုစုပေါင်း (၁၀၁၀၅)ဦးတို့ကို စားသောက်ဖွယ်ရာများဖြစ်သော အာလူး၊ကြက်သွန်၊ ကြက်ဥ၊ ဆား ပစ္စည်း(၄)မျိုးတို့ကို ထောက်ပံ့ခဲ့ကြောင်း သိရသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့