တာချီလိတ် ဇူလိုင် ၂၁
၂၀၂၃ ခုနှစ်၊ ဇူလိုင်လ ၁၄ ရက် နံနက် ၁၁၀၀ နာရီက အမှတ်(၃၀) မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့စု၊ တာချီလိတ်မှ တပ်ဖွဲ့ဝင်များသည် မူးယစ်ဆေးဝါးသတင်းအရ သက်သေများနှင့်အတူ ဝမ်ပုံနယ်မြေရဲစခန်းအပိုင် ဖြစ်သည့် တာချီလိတ်မြို့နယ်၊ နမ့်ဖုန်းကျေးရွာနှင့် ဆမ်ဖူးကျေးရွာအကြား၊ မဲခေါင်မြစ်ကမ်းဘေးတွင် ဆိုက်ကပ်ထားသော Wan Pong-19 ရေယာဉ်အနီး ကမ်းစပ်၌စုပုံထားသည့် ဆာလာအိတ်များအား စစ်ဆေးခဲ့ရာ ဆာလာအိတ်(၂၁၂)အိတ်အတွင်း ဝှက်သိမ်းထားသော ကဖင်း မူးယစ်ဆေးဝါး (၅၃၀၀)ကီလို၊ စုစုပေါင်းတန်ဖိုး ကျပ်သိန်းပေါင်း(၄၂၄၀)သိန်းအား တွေ့ရှိသိမ်းဆည်းခဲ့ပြီး ကဖင်း မူးယစ်ဆေးဝါးများအား ရေယာဉ်ဖြင့် မောင်းနှင်သယ်ဆောင်လာပြီး ထွက်ပြေးတိမ်းရှောင်နေသူ နန်အွန် ၅၉နှစ်၊ (ဘ)ဦးမိုင်ခမ်း၊ ဝမ်ကျင်း(၃)ရပ်ကွက်၊ ကျိုင်းလပ်မြို့နေသူအား ဝမ်ပုံနယ်မြေရဲစခန်းတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေအရ အမှုဖွင့်အရေးယူထားရှိပြီး ဖမ်းဆီးရမိရေး ဆောင်ရွက်လျက်ရှိကြောင်းသိရသည်။
ရှမ်းပြည်နယ်အတွင်း မူးယစ်ဆေးဝါးကင်းစင်ပပျောက်ရေးအတွက် ရှမ်းပြည်နယ်ရဲတပ်ဖွဲ့မှူး၏ စီမံလမ်းညွှန်ချက်ဖြင့် ဖော်ထုတ်ဖမ်းဆီးရေးအစီအမံများရေးဆွဲပြီး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်
ရှမ်းပြည်နယ်အစိုးရအဖွဲ့