မူဆယ် ဇူလိုင် ၂၀
၂၀၂၃ ခုနှစ် ဇူလိုင် ၁၈ ရက် မွန်းလွဲ ၁ နာရီ ၅၀ မိနစ်က အမှတ်(၂၄) မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့စု၊ လားရှိုးမှ တပ်ဖွဲ့ဝင်များသည် မူးယစ်ဆေးဝါးသတင်းအရ သက်သေများနှင့်အတူ လားရှိုးမြို့၊ ရပ်ကွက် (၂)၊ ဆင်နှစ်ကောင် ဟိုတယ်အနီး၌ စောင့်ဆိုင်းနေစဉ် ရောက်ရှိလာသည့် Wish မော်တော်ယာဉ် အဖြူရောင်အား စစ်ဆေးရှာဖွေခဲ့ရာ ဆိုင်းလီ၊ ဂန်ဖန်(ခ)မဘရန် တို့အား မော်တော် ယာဉ်နောက်ခန်း အတွင်းမှ အဝါရောင် ဆာလာအိတ်များအတွင်း ဝှက်သိမ်းထားသည့် 88/1 စာတမ်းပါ ပန်းရောင် စိတ်ကြွရူးသွပ်ဆေးပြား (၅၉၀၀၀၀)ပြား၊ စုစုပေါင်းတန်ဖိုး သိန်းပေါင်း (၅၉၀၀)သိန်း နှင့် မိုဘိုင်းလ်ဖုန်း (၂)လုံး အား တွေ့ရှိသိမ်းဆည်းခဲ့ပြီး ကွင်းဆက်ဖော်ထုတ်ချက်အရ ဆိုင်းခေါန် နှင့် မာခွန် တို့(၂)ဦးအား လားရှိုးမိုတယ်ရှေ့တွင် SCOOPY ဆိုင်ကယ်(၁)စီး၊ မူးယစ်ဆေးဝါးအရောင်းအဝယ် ပြုလုပ်ရာတွင် အသုံးပြုလုပ်ရာမှရရှိသော ငွေကျပ်(၃၆၅)သိန်း၊ မိုဘိုင်းလ်ဖုန်း(၂)လုံးတို့နှင့်အတူ တွေ့ရှိ သိမ်းဆည်း ရမိခဲ့သဖြင့် ဆိုင်းလီ ၃၇နှစ်၊ ဂန်ဖန်(ခ)မာဘရန် ၃၃နှစ်၊ ဆိုင်ခေါန် ၂၉နှစ်၊ မာခွန် ၃၀ နှစ် တို့(၄)ဦးအား လားရှိုးမြို့မရဲစခန်းတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေအရ အမှုဖွင့်အရေးယူထားရှိပြီး ကွင်းဆက်များ ဖော်ထုတ်လျက်ရှိကြောင်းသိရှိရသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့