ဆိုက်ခေါင် ဇွန် – ၂၈
ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ဇော်အေး၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်၊ ပအိုဝ်းကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ ဒေသစီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ နှင့် အဖွဲ့ဝင်များ၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာများနှင့် တာဝန်ရှိသူတို့သည် ဇွန်(၂၈)ရက် မွန်းတည့်(၁၂)နာရီက ဆိုက်ခေါင်အမျိုးသမီးအိမ်တွင်းမှု သက်မွေးလုပ်ငန်းပညာသင်တန်းကျောင်းသို့ သွားရောက် ကွင်းဆင်း ကြည့်ရှုကြကြောင်း သိရသည်။
ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် အမျိုးသမီးအိမ်တွင်းမှုလုပ်ငန်း သက်မွေးပညာသင်တန်းကျောင်းရှိ စက်ချုပ် သင်တန်းဆောင်၊ အမျိုးသမီး(၂)ထပ်အိပ်ဆောင်နှင့် စက်ချုပ်ပစ္စည်းထားရှိသည့်အဆောင်တို့ကို လှည့်လည်ကြည့်ရှု စစ်ဆေး ကြပြီး ဆီဆိုင်မြို့နယ် ကျောင်းချယ်ကျေးရွာရှိ ထုတ်ကုန်ဖြန့်ချီမည့် တန်ဖိုးမြင့် စားသောက်ကုန် ထုတ်လုပ်ခြင်းလုပ်ငန်း ဖြစ်သည့် နာနတ်သီးစည်သွတ်စက်ရုံတည်ဆောက်ခြင်းလုပ်ငန်းစီမံကိန်း အားသွားရောက်ကြည့်ရှူရာ ပအိုဝ်းကိုယ်ပိုင်အုပ် ချုပ်ခွင့်ရဒေသစီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးခွန်ရဲထွေးမှ နာနတ်သီးစိုက်ပျိုးသည့်မြေနေရာနှင့်ပတ်သက်၍ ရှင်းလင်းရာ ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ဇော်အေးက လိုအပ်သည်များဖြည့်စွက်မှာကြားခဲ့သိရသည်။
ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ကွန်ပျူတာတက္ကသိုလ်(တောင်ကြီး)သို့ သွားရောက်၍ ကွန်ပျူတာတွင် ပညာသင်ကြားနေသော ကျောင်းသား၊ ကျောင်းသူများကို ကြည့်ရှုအားပေးစကားပြေားကြားပြီး ကွန်ပျူတာတက္ကသိုလ် (တောင်ကြီး)အတွက် ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ဇော်အေးက ဂုဏ်ပြုချီးမြှင့်ငွေများကို ပေးအပ်ရာ ကွန်ပျူတာတက္ကသိုလ် (တောင်ကြီး)ကျောင်းအုပ်ဆရာမကြီးမှ လက်ခံရယူကြောင်း သိရှိရသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံး