တောင်ကြီး ဇွန် – ၂၂
ရှမ်းပြည်နယ် စိုက်ပျိုးရေး၊ မွေးမြူရေး၊ အသေးစားအငယ်စား၊ အလတ်စား၊ စီးပွားရေးလုပ်ငန်းများနှင့် ဒေသ ဖွံ့ဖြိုးရေးဆိုင်ရာလုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ဇွန်(၂၂)ရက် နံနက်(၉)နာရီက တောင်ကြီးမြို့ ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။
လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ဇော်အေးက စိုက်ပျိုးရေး၊ မွေးမြူရေး၊ အသေးစား၊ အငယ်စား၊ အလတ်စား၊ လုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရန်အတွက် အစည်းအဝေးခေါ်ယူရခြင်း ဖြစ်ကြောင်း၊ ဝေးလံဒေသမှ လုပ်ငန်းများတင်ပြဆွေးနွေး၍ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်မှသာ အောင်မြင်မှုရရှိမှာဖြစ်ကြောင်း၊ ဒေသ အလိုက်ဖြစ်နိုင်ချေရှိသည့်လုပ်ငန်းများ ဆောင်ရွက်နိုင်ရန်အတွက် ဖြစ်နိုင် မဖြစ်နိုင် သိရှိရမည်ဖြစ်ကြောင်း၊ စိုက်ပျိုးရေး နှင့်ပတ်သက်၍ မြေများကို အကျိုးရှိရှိအသုံးချရန် လှပ်မြေများ မကျန်ရှိစေရေး စနစ်တကျဆောင်ရွက်ရန်၊ မြေအသုံးချ ခွင့်ပြုချထားခြင်းနှင့်ပတ်သက်၍ အမှန်တကယ် လုပ်ငန်းဆောင်ရွက်မှု ရှိ/မရှိ မြေပြင်ကွင်းဆင်း စိစစ်ဆောင်ရွက်သွားရန်၊ စပါးစိုက်ပျိုးရာတွင် အထွက်နှုန်းကောင်းသည့် စပါးမျိုးကောင်းမျိုးသန့်များဖြင့် ရွေးချယ်စိုက်ပျိုးပြီး ပန်းတိုင်ရည်မှန်းချက် ပြည့်မီစေရေး ကြိုးပမ်းဆောင်ရွက်ရန်၊ ဆီထွက်သီးနှံများကို မျိုးကောင်းမျိုးသန့်ဖြင့် သီးထပ်စိုက်ပျိုး၍ ကြက်သွန်နီ၊ ကြက်သွန်ဖြူ၊ အားလူး စသည်တို့ကို တိုးချဲ့စိုက်ပျိုးနိုင်ရေး ဆောင်ရွက်ရန်၊ ဝါ၊ ပဲ၊ မြေပဲ၊ နှမ်း၊ ပန်းနှမ်း နေကြာတို့ကို ပန်းတိုင်အထွက်နှုန်းရည်မှန်းချက်များအတိုင်း ထွက်ရှိစေရေး စီမံဆောင်ရွက်သွားရန်၊ စိုက်ပျိုးမြေများကို ထိရောက်စွာ စသည့် အချက် (၄)ချက်ဖြင့် ပြည့်စုံစေရေး ဆောင်ရွက်ရန်၊ နိုင်ငံ့စီးပွားမြင့်တင်ရေး ရန်ပုံငွေများ ထုတ်ပေးထားပြီးဖြစ် သဖြင့် ထိရောက်စွာအသုံးချ ဆောင်ရွက်သွားရန်နှင့် စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများဖြစ်ထွန်း အောင်မြင်အောင်ဆောင်ရွက် ပြီး ဒေသအလိုက် စားရေးလိုအပ်ချက် ဖူလုံရေးကြိုးပမ်းဆောင်ရွက်သွားရန် ပြောကြား သည်။
ဆက်လက်၍ ရှမ်းပြည်နယ်အစိုးရအုပ်ချုပ်ရေးအဖွဲ့ခွဲ ရှမ်း(ရှေ့/မြောက်) ဥက္ကဋ္ဌများ၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်း/ဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ အတွင်းရေးမှူးများနှင့် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌများမှ စိုက်ပျိုးရေး၊ မွေးမြူရေး၊ အသေးစား၊အငယ်စား၊အလတ်စားစီးပွားရေးလုပ်ငန်းများနှင့်ဒေသဖွံ့ဖြိုးရေးဆိုင်ရာလုပ်ငန်းများကို တင်ပြဆွေးနွေး ကြပြီး သက်ဆိုင်ရာ ပြည်နယ်အဆင့်ဌာနဆိုင်ရာများမှလည်း ဆွေးနွေးတင်ပြ၍ အထွေထွေဆွေးနွေးကြပြီး ရှမ်းပြည်နယ် ဝန်ကြီးချုပ် ဦးအောင်ဇော်အေးမှ လိုအပ်သည်များ ပြန်လည်ဖြည့်စွက်ဆွေးနွေးပြောကြားခဲ့ကြောင်း သိရှိရသည်။

ရှမ်းပြည်နယ်အစိုးရအဖွဲ့