ညောင်ရွှေ ဇွန်-၁၉
ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ဇော်အေး၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်၊ ပြည်နယ် ဝန်ကြီးများ ၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်၊ခရိုင်၊မြို့နယ်အဆင့် ဌာနဆိုင်ရာများနှင့် တာဝန်ရှိသူတို့သည် ဇွန်(၁၉)ရက် နံနက်(၉)နာရီက ညောင်ရွှေ ငါးလုပ်ငန်းစခန်းရှိ နဒီကန်အတွင်း ငါးမျိုးစိုက်ထည့်ပေးကြပြီး ညောင်ရွှေ မြို့ ငါးလုပ်ငန်းစခန်းရှိ သဘာဝ ငါးမျိုးစိုက်ပြခန်းနှင့် ငါးဖိန်းမွေးကန်အား ကြည့်ရှုကြကြောင်း သိရသည်။
အဆိုပါ နဒီကန်အတွင်း ငါးမျိုးစိုက်ထည့်ခြင်းတွင် ငါးမျှစ်ခြင်း(၅)သောင်း၊ ငါးခုံးမ(၅)သောင်း၊ ငါးဖိန်မျိုး (၁)သိန်း စိုက်ထည့်ပေးကြကြောင်း သိရသည်။
ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ရှမ်းပြည်နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီး ဌာန တောင်ကြီးမြို့ ၊ လူထုအခြေပြုဗဟိုဌာန(COMMUNITY CENTRE)သို့ သွားရောက်၍ စာပေဗိမာန်စာအုပ် အရောင်းဆိုင်၊ ပြတိုက်ငယ်၊ကလေးစာဖတ်ခန်း၊ စာကြည့်တိုက်ခန်းမ၊ ကွန်ပျူတာခန်းမ၊ အားကစားခန်းမ၊ သင်တန်း ခန်းမ၊ဘက်စုံသုံးခန်းမ၊ဟင်းလင်းပြင်ကစားသည့်နေရာတို့ကို လှည့်လည် ကြည့်ရှုကြပြီး အစည်းအဝေးခန်းမတွင် ပြည်နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဦးစိုးညွှန့်ရွှေ မှလူထုအခြေပြုဗဟိုဌာန (Community Centre)နှင့် ပတ်သက်၍ ရှင်းလင်းပြီး ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ဇော်အေးက ရုံးလုပ်ငန်းနှင့် ပတ်သက်၍ ရည်မှန်းချက်အတိုင်း ကြိုးစားဆောင်ရွက်ရန်နှင့် လုပ်ငန်းလျာထားချက် မကျစေရေး ထိန်းသိမ်း ကြိုးစား ကြရန် မှာကြားခဲ့ကြောင်း သိရှိရသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့