တောင်ကြီး ဇွန်-၁၀
ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ဇော်အေး၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ တာဝန်ရှိသူတို့သည် ဇွန်(၁၀)ရက် နံနက်(၉)နာရီက တောင်ကြီးမြို့၊ ကံသာရပ်ကွက်ရှိ မေတ္တာရှင် ကုသိုလ်ဖြစ်ဆေးရုံသို့ သွားရောက်ကြည့်ရှုရာ ဆေးရုံတွင် မျက်စိခွဲစိတ်မည့် ပြည်သူများကို ရင်းရင်းနှီးနှီး အားပေးစကားပြောကြားပြီး မျက်စိခွဲစိတ်ပြီးသော ဆရာတော်၊သံဃာတော်နှင့် ပြည်သူများအား ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်တို့က မျက်မှန်များတပ်ဆင်ပေးကြ၍ ဆေးရုံအတွက် အလှူငွေများ ပေးအပ်လှူဒါန်းကြရာ ရှမ်းပြည်နယ်ဝန်ကြီးချုပ်နှင့်ဇနီးမိသားစု၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့မှအလှူငွေများကို ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်တို့က ပေးအပ်လှူဒါန်းရာ ဆေးရုံတာဝန်ရှိသူများမှ လက်ခံရယူပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများသည် ခွဲစိတ်ခန်းအတွင်း မျက်စိခွဲစိတ်နေမှုကို ကြည့်ရှုကြကြောင်း သိရသည်။
ဆက်လက်၍ ရှမ်းပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် တောင်ကြီးမြို့ ဇီဝိတဒါန သံဃာဆေးရုံအား သွားရောက်ကြည့်ရှုရာ ဆေးရုံတွင် ဆေးကုသမှုခံယူနေသော ဆရာတော်သံဃာတော်များ၊ ကိုရင်လေးနှင့် သီလရှင်များကို ကြည့်ရှုအားပေးစကားပြောကြား၍ နဝကမ္မအလှူငွေများဆက်ကပ်ပေးပြီး ဆေးရုံနှင့် ဆွမ်းအာဟာရအတွက် အလှူငွေများကို ရှမ်းပြည်နယ်ဝန်ကြီးချုပ်ဦးအောင်ဇော်အေး၊ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် ဒုတိယတိုင်းမှူး၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်တို့က ပေးအပ်လှူဒါန်းရာ ဆေးရုံတာဝန်ရှိသူများမှ လက်ခံရယူကြောင်း သိရသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့