တောင်ကြီး ဇွန်-၅
ပညာရေးဝန်ကြီးဌာန၊ ဆရာအတတ်ပညာဦးစီးဌာန၊ ၂၀၂၃-၂၀၂၄ပညာသင်နှစ် တောင်ကြီး ပညာရေးဒီဂရီကောလိပ် လုပ်ငန်းခွင်အကြိုမူလတန်းဆရာအတတ်ပညာသင်တန်း(PPTT) အမှတ်စဉ် (၉/၂၀၂၃)သင်တန်းဖွင့်ပွဲကို ဇွန်(၅)ရက် နံနက်(၇)နာရီခွဲက တောင်ကြီးပညာရေးဒီဂရီကောလိပ်၌ ကမ္ဘောဇခန်းမ၌ ကျင်းပသည်။
သင်တန်းဖွင့်ပွဲတွင် ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ဇော်အေးက နိုင်ငံ၏ပညာရေးအတွက် ပညာအခြေပြု လူ့စွမ်းအားအရင်းအမြစ်များစွာ လိုအပ်လျက်ရှိပါကြောင်း၊ လိုအပ်ချက်များကို ဖြည့်ဆည်းပေးနိုင်ရန် အတွက် ပညာရေးဒီဂရီကောလိပ် (၂၅)ကျောင်းတွင် ၂၀၂၃ခုနှစ် ဇွန်လ(၁)ရက်နေ့မှ သြဂုတ်လ(၁၁)ရက်နေ့ထိ လုပ်ငန်းခွင်အကြို မူလတန်းဆရာအတတ်ပညာသင်တန်း(PPTT) အမှတ်စဉ်(၉/၂၃) ဖွင့်လှစ်ပို့ချပေးပြီး တစ်နိုင်ငံလုံးအတိုင်းအတာနှင့် မူလတန်းပြဆရာ၊ဆရာမဦးရေ(၁၀၂၉၃)ဦး လေ့ကျင့်မွေးထုတ်ပေးနိုင်မှာဖြစ်ပြီး ရှမ်းပြည်နယ်အတွင်း မူလတန်းပြ ဆရာ၊ဆရာမဦးရေ စုစုပေါင်း(၅၈၀)ဦး လေ့ကျင့်မွေးထုတ်ပေးနိုင်မှာဖြစ်ကြောင်းနှင့် ပြည်နယ်တွင်း အခြေခံပညာကျောင်းတွင် ဆရာလိုအပ်ချက်အတွက် တစ်ထောင့်တစ်နေရာ ဖြည့်ဆည်းပေး နိုင်မှာဖြစ်ကြောင်း၊ ရှမ်းပြည်နယ်အတွင်း ရှမ်း(တောင်)ကိုယ်စားပြု တောင်ကြီးပညာရေးဒီဂရီကောလိပ်တွင် ယခုနှစ် စာရင်းရှိ(၂၅၁)ဦးနှင့် ယခင်နှစ် ကျန်းမာရေးကြောင့်ရပ်နားသင်တန်းသား(၄)ဦး၊ ပေါင်း(၂၅၅)ဦး၊ ရှမ်း(ရှေ့)ကိုယ်စားပြု ကျိုင်းတုံပညာရေးဒီဂရီကောလိပ်တွင် စာရင်းရှိ(၂၅)ဦး၊ ရှမ်း(မြောက်)ကိုယ်စားပြု လားရှိုးပညာရေး ဒီဂရီကောလိပ်တွင် စာရင်းရှိ(၃၀၀)ဦး တက်ရောက်ပညာသင်ကြားမည်ကို သိရှိရသည့်အတွက် ကြိုဆိုပါကြောင်း ပြောကြားသည်။
ဆက်လက်၍ တောင်ကြီးပညာရေးဒီဂရီကောလိပ် ဒုတိယကျောင်းအုပ်ကြီး ဒေါ်စဝ်မြတ်မွန်မှ သင်တန်းနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြပြီး ၂၃ကြိမ်မြောက်၊ မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊အက၊အရေး၊အတီး ပြိုင်ပွဲ၌ တိုင်းရင်းသားရိုးရာအကပြိုင်ပွဲတွင် မွန်တိုင်းရင်းသားရိုးရာ အက၊ပအိုဝ်းတိုင်းရင်းသားရိုးရာအကဖြင့် ပါဝင်ယှဉ်ပြိုင်ခဲ့သော တောင်ကြီးပညာရေးဒီဂရီကောလိပ်မှ သင်တန်းသား၊သင်တန်းသူများမှ ဖျော်ဖြေ တင်ဆက်ကြပြီး ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ သင်တန်းအတွက် ဂုဏ်ပြုချီးမြှင့်ငွေများကို ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ဇော်အေးက ပေးအပ်ရာ တောင်ကြီးပညာရေးဒီဂရီကောလိပ် ဒုတိယကျောင်းအုပ်ကြီး ဒေါ်စဝ်မြတ်မွန်မှ လက်ခံရယူ၍ ပြည်နယ်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် သင်တန်းသား၊သင်တန်းသူများအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ကြကြောင်း သိရှိရသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့