ကျိုင်းတုံ ဖေဖော်ဝါရီ-၂၄
ကျိုင်းတုံမြို့၊ ပင်းတောက်ကျေးရွာ အုပ်စု၊ နမ့်လင်းမိုင်ကျေးရွာ၊ စာကြည့်တိုက်အဆောက်အဦသစ်ဖွင့်ပွဲ အခမ်းအနား ကို ဖေဖော်ဝါရီလ( ၂၄) ရက် နံနက်( ၁၀ ) နာရီတွင် ကျင်းပပြုလုပ်ခဲ့ရာ အခမ်းအနားသို့ ပြည်နယ်အစိုးရအုပ်ချုပ်ရေးအဖွဲ့ခွဲ ( ရှမ်းအရှေ့ )၊ ဥက္ကဌ၊ ရှမ်းပြည်နယ်(အရှေ့ပိုင်း) စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးကြီးကြပ်မှုကော်မတီ၊ ဥက္ကဌ၊ ဦးဇော်လွင်ဦး သည် ပြည်နယ် အစိုးရအုပ်ချုပ်ရေးအဖွဲ့ခွဲ ( ရှမ်းအရှေ့ )၊ အဖွဲ့ဝင်(၂)၊ ဦးမင်းညို၊ ကျိုင်းတုံခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့၊ ဥက္ကဌ၊ ဦးနိုးဝေ၊ နယ်ဘက်ဌာနဆိုင်ရာအကြီးအကဲများ၊ ဖိတ်ကြားထားသည့်ဧည့်သည်တော်များ၊ ဒေသခံတိုင်းရင်းသားများနှင့် အတူ တက်ရောက်ခဲ့ပြီး အခမ်းအနားတွင် ပြည်နယ်အစိုးရအုပ်ချုပ်ရေး အဖွဲ့ခွဲ ( ရှမ်းအရှေ့ )၊ ဥက္ကဌ၊ ရှမ်းပြည်နယ် ( အရှေ့ပိုင်း ) စာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေး ကြီးကြပ်မှုကော်မတီ၊ ဥက္ကဌ၊ ဦးဇော်လွင်ဦး မှ တာဝန်ရှိသူများနှင့်အတူ နမ့်လင်းမိုင်ကျေးရွာ စာကြည့်တိုက်အဆောက်အဦသစ်အား ဖဲကြိုးဖြတ် ဖွင့်လှစ် ခြင်း၊ အဖွင့်အမှာစကားပြောကြားခြင်း၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူး၊ ဦးတင့်ဝေမှ အမှာစကားပြောကြား ခြင်း၊ ပြည်နယ်အစိုးရအုပ်ချုပ်ရေးအဖွဲ့ခွဲ ( ရှမ်းအရှေ့ )၊ ဥက္ကဌ၊ ရှမ်းပြည်နယ် ( အရှေ့ပိုင်း ) စာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးကြီးကြပ်မှုကော်မတီ၊ ဥက္ကဌ၊ ဦးဇော်လွင်ဦး မှ နမ့်လင်းမိုင် စာကြည့်တိုက်အတွက် စာအုပ်စာစောင်များအား ကျေးရွာစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက် ရေး ကြီးကြပ်မှုကော်မတီ၊ အတွင်းရေးမှူး၊ ဒေါ်အေးစာရ ထံသို့ပေးအပ်ခြင်း၊ ကျိုင်းတုံခရိုင် စာကြည့် တိုက်များဖွံ့ဖြိုးတိုးတက်ရေးကြီးကြပ်မှုကော်မတီ၊ ဥက္ကဌ၊ ဦးနိုးဝေ မှ နမ့်လင်းမိုင်စာကြည့်တိုက် အတွက် လှူဒါန်းငွေကျပ် ( ၅ ) သိန်းနှင့် အားကစားပစ္စည်းများအားပေးအပ်ရာ ရွာသူ/ ရွာသား ဖြစ်သည့် ဒေါ်ရုထနှင့် ဦးယောဟန်ထံ တို့မှလက်ခံရယူခြင်း၊ ပြည်နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူး၊ ဦးအားဗျေ့ မှ နမ့်လင်းမိုင်စာကြည့်တိုက်အတွက် စာအုပ် စာစောင်များအားပေးအပ်ရာ ရွာသူဖြစ်သည့် ဒေါ်ဟာန မှလက်ခံရယူခြင်း၊ ရှမ်းပြည်နယ်စာကြည့်တိုက်များဖောင်ဒေးရှင်း ( ရှမ်းအရှေ့ ) ဒုတိယဥက္ကဌ၊ ဦးစိုင်းဆမ်သစ် မှ နမ့်လင်းမိုင်စာကြည့်တိုက် အတွက် စာအုပ်စာစောင်များအားပေးအပ်ရာ ရွာသားဖြစ်သည့် ဦးစိုင်းတွမ်း မှလက်ခံရယူခြင်း၊ ကျေးရွာစာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးကြီးကြပ်မှု ကော်မတီ၊ အတွင်းရေးမှူး၊ ဒေါ်အေးစာရ မှ ကျေးဇူးတင်စကားပြောကြားခြင်း၊ စုပေါင်းမှတ်တမ်းတင် ဓါတ်ပုံရိုက်ကူးခြင်း၊ ပြည်နယ်အစိုးရ အုပ်ချုပ်ရေးအဖွဲ့ခွဲ ( ရှမ်းအရှေ့ )၊ ဥက္ကဌ၊ ရှမ်းပြည်နယ် ( အရှေ့ပိုင်း ) စာကြည့်တိုက်များဖွံ့ဖြိုး တိုးတက်ရေးကြီးကြပ်မှုကော်မတီ၊ ဥက္ကဌ၊ ဦးဇော်လွင်ဦး နှင့် တာဝန်ရှိသူများမှ စာကြည့်တိုက် အတွင်း လှည့်လည်ဖတ်ရှု၍ကြည့်ရှုစစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ပါကြောင်း သိရှိရသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံး