ကျိုင်းတုံ ဖေဖော်ဝါရီ-၂၇
ပြည်နယ်အစိုးရအုပ်ချုပ်ရေးအဖွဲ့ခွဲ ( ရှမ်းအရှေ့ )၊ အစည်းအဝေးခန်းမတွင် ဖေဖော်ဝါရီလ( ၂၇) ရက် နံနက်(၉ ) နာရီခွဲတွင် ပြည်နယ်ခွဲအဆင့်ဌာနဆိုင်ရာများ၏ ပုံမှန်လုပ်ငန်းညှိနှိုင်း အစည်းအဝေး( ၁/ ၂၀၂၅) ကျင်းပပြုလုပ်ခဲ့ရာ အစည်းအဝေးသို့ ပြည်နယ်အစိုးရအုပ်ချုပ်ရေးအဖွဲ့ခွဲ (ရှမ်းအရှေ့)၊ ဥက္ကဋ္ဌ၊ ဦးဇော်လွင်ဦး သည် ပြည်နယ်အစိုးရအုပ်ချုပ်ရေးအဖွဲ့ခွဲ ( ရှမ်းအရှေ့ )၊ အဖွဲ့ဝင်များ၊ ပြည်နယ်ခွဲအဆင့်ဌာနဆိုင်ရာအကြီးအကဲများ၊ သက်ဆိုင်ရာခရိုင်/ မြို့နယ်အဆင့်ဌာန ဆိုင်ရာအကြီးအကဲများ၊ တာဝန်ရှိသူများနှင့်အတူတက်ရောက်ခဲ့ပြီး အစည်းအဝေးတွင် ပြည်နယ် အစိုးရအုပ်ချုပ်ရေးအဖွဲ့ခွဲ ( ရှမ်းအရှေ့ )၊ ဥက္ကဋ္ဌ၊ ဦးဇော်လွင်ဦး မှ အဖွင့်အမှာစကားပြောကြားခြင်း၊ ပြည်နယ်အစိုးရအုပ်ချုပ်ရေးအဖွဲ့ခွဲ ( ရှမ်းအရှေ့ )၊ အဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာများမှ လုပ်ငန်း ဆိုင်ရာများအား ရှင်းလင်းဆွေးနွေးတင်ပြခြင်း၊ အထွေထွေဆွေးနွေးတင်ပြခြင်းတွင် ဖြည့်စွက် တင်ပြလိုသည့်အချက်များအား သက်ဆိုင်ရာဌာနများမှ ရှင်းလင်းဆွေးနွေးတင်ပြခြင်း၊ ပြည်နယ် အစိုးရအုပ်ချုပ်ရေးအဖွဲ့ခွဲ ( ရှမ်းအရှေ့ )၊ ဥက္ကဋ္ဌ၊ ဦးဇော်လွင်ဦး မှ ရှင်းလင်းဆွေးနွေးတင်ပြချက်များ အပေါ် လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဖြည့်ဆည်းဆောင်ရွက်ပေးခြင်းများ ပြုလုပ်ဆောက်ရွက်ခဲ့ကြောင်းသိရှိရသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံး