ကျိုင်းတုံ ဖေဖော်ဝါရီ-၂၃
ကျိုင်းတုံမြို့အား ပတ်ဝန်းကျင်စီမံခန့်ခွဲမှုကောင်းမွန်သောမြို့အဖြစ် စိစစ်အကဲဖြတ်အမှတ်ပေးခြင်းဆောင်ရွက်ရန်အတွက် ဖေဖော်ဝါရီလ(၂၃ ) ရက် နံနက်န ( ၈ ) နာရီမှ နေ့လည်(၁၂)နာရီထိ ပြည်နယ်အစိုးရအုပ်ချုပ်ရေးအဖွဲ့ခွဲ( ရှမ်းအရှေ့ )၊ ဥက္ကဌ၊ ရှမ်းပြည်နယ် ( အရှေ့ပိုင်း) ပတ်ဝန်းကျင်စီမံခန့်ခွဲမှုကောင်းမွန်သော မြို့နှင့် စက်ရုံ/ အလုပ်ရုံများဖော်ဆောင်ရေး ဆုစိစစ်ရွေးချယ်ရေးလုပ်ငန်းအဖွဲ့၊ ဥက္ကဌ၊ ဦးဇော်လွင်ဦး သည် ရှမ်းပြည်နယ်( အရှေ့ပိုင်း ) ပတ်ဝန်းကျင် စီမံခန့်ခွဲမှုကောင်းမွန်သော မြို့နှင့် စက်ရုံ/ အလုပ်ရုံများဖော်ဆောင်ရေး၊ ဆုစိစစ်ရွေးချယ်ရေး လုပ်ငန်းအဖွဲ့မှ အဖွဲ့ဝင်များ၊ တာဝန်ရှိသူများနှင့်အတူ ကျိုင်းတုံတက္ကသိုလ်ရှေ့လမ်းမကြီးတလျှောက်၊ မြို့ရှောင်လမ်းဘေးရှိ ဟွေဖျဲန် အမှိုက်ပုံမြေနေရာ၊ ကျိုင်းတုံကုတင်၂၀၀ ဆံ့ဆေးရုံကြီးတွင် ကျန်းမာရေးဆိုင်ရာ စက်ပစ္စည်းအသစ်များတပ်ဆင်ထားမှုများ၊ နမ့်လပ်ချောင်းရှိ သဲနုန်းများဆယ်ယူထားရှိသောနေရာများ၊ ကျိုင်တုံလေယာဥ်ကွင်းအသစ်တည်ဆောက်နေသော လေယာဉ်ကွင်းအသစ် အဝင်လမ်းနေရာနှင့် ကျိုင်းတုံရေတံခွန်နေရာများသို့ မြေပြင်ကွင်းဆင်းစစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ပါကြောင်း သိရှိရသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံး