ကျိုင်းတုံ ဖေဖော်ဝါရီ-၁၀
(၇၈) နှစ်မြောက် ပြည်ထောင်စုနေ့အကြို ကျောင်းတွင်း အားကစားပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ဖေဖော်ဝါရီလ ( ၁၀ ) ရက် နံနက်(၉) နာရီတွင် ကျိုင်းတုံမြို့၊ ကျိုင်းတုံပညာရေးဒီဂရီ ကောလိပ်၊ ပင်မခန်းမဆောင်ရှေ့ရင်ပြင်၌ ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် ပြည်နယ်အစိုးရအုပ်ချုပ်ရေးအဖွဲ့ခွဲ ( ရှမ်းအရှေ့ )၊ ဥက္ကဌ၊ ဦးဇော်လွင်ဦး မှ တာဝန်ရှိသူများနှင့်အတူ ဖဲကြိုးဖြတ်ဖွင့်လှစ်ပေး၍ ပြိုင်ပွဲဝင်အားကစားသမားများမှ ပြည်နယ်အစိုးရ အုပ်ချုပ်ရေးအဖွဲ့ခွဲ ( ရှမ်းအရှေ့ )၊ ဥက္ကဌ အား အလေးပြုပြီးနောက် ၎င်းမှအဖွင့်အမှာစကားပြောကြားသည်။
ထို့နောက် ခရိုင်အားကစားနှင့် ကာယပညာဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူးမှ ကျိုင်းတုံပညာရေးဒီဂရီကောလိပ်အတွက် အားကစားပစ္စည်းများ ပေးအပ်လှူဒါန်းရာ ကျောင်းအုပ်ကြီးမှ လက်ခံရယူ၍ ပြိုင်ပွဲဝင်အားကစားသမားများက အားကစား သစ္စာအဓိဌာန် ရွတ်ဆိုပြီး ပြိုင်ပွဲဝင်အားကစားသမားများ အားကစားရင်ပြင်မှပြန်လည်ထွက်ခွါကြသည်။
ဆက်လက်၍ ကျိုင်းတုံပညာရေး ဒီဂရီကောလိပ်မှ သင်တန်းသား၊ သင်တန်းသူများများမှ ကပြဖျော်ဖြေတင်ဆက်ပြီး ပြည်နယ် အစိုးရအုပ်ချုပ်ရေးအဖွဲ့ခွဲ ( ရှမ်းအရှေ့ )၊ ဥက္ကဌ၊ ဦးဇော်လွင်ဦး ဦးဆောင်သော အဖွဲ့ဝင်များမှ ကျိုင်းတုံပညာရေးဒီဂရီကောလိပ်၊ ကျောင်းတွင်းအားကစားပြိုင်ပွဲအတွက် လိုအပ်သည်များအသုံးပြုနိုင်ရန် ထောက်ပံ့ငွေများပေးအပ်၍ စုပေါင်းမှတ်တမ်းတင် ဓါတ်ပုံရိုက်ကူးခဲ့ကြောင်း သိရှိရသည်။
အခမ်းအနားသို့ ပြည်နယ်အစိုးရ အုပ်ချုပ်ရေးအဖွဲ့ခွဲ ( ရှမ်းအရှေ့ )၊ ဥက္ကဌ၊ ဦးဇော်လွင်ဦး သည် ပြည်နယ်အစိုးရအုပ်ချုပ်ရေးအဖွဲ့ခွဲ ( ရှမ်းအရှေ့ )၊ အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ ကျိုင်းတုံပညာရေးဒီဂရီကောလိပ်မှ သင်တန်းသား၊ သင်တန်းသူများ၊ ပြိုင်ပွဲဝင်အားကစားသမားများနှင့်အတူ တက်ရောက်ခဲ့ကြကြောင်းသိရှိရသည်။
ထို့နောက်ရှမ်းပြည်နယ်(အရှေ့ပိုင်း) ပတ်ဝန်းကျင် စီမံခန့်ခွဲမှုကောင်းမွန်သော မြို့နှင့် စက်ရုံ/ အလုပ်ရုံများဖော်ဆောင်ရေး ဆုစိစစ်ရွေးချယ်ရေး လုပ်ငန်းအဖွဲ့ ၏ စတုတ္ထအကြိမ်မြောက်
လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို နေ့လည် (၁) နာရီတွင် ကျိုင်းတုံမြို့၊ ပြည်နယ်အစိုးရအုပ်ချုပ်ရေးအဖွဲ့ခွဲ (ရှမ်းအရှေ့)ရုံး၊ အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။
အစည်းအဝေးတွင် ပြည်နယ်အစိုးရအုပ်ချုပ်ရေးအဖွဲ့ခွဲ ( ရှမ်းအရှေ့ )၊ ဥက္ကဌ၊ ပတ်ဝန်းကျင်စီမံ ခန့်ခွဲမှုကောင်းမွန်သော မြို့နှင့် စက်ရုံ/ အလုပ်ရုံများဖော်ဆောင်ရေး ဆုစိစစ်ရွေးချယ်ရေးလုပ်ငန်း အဖွဲ့၊ ဥက္ကဌ၊ ဦးဇော်လွင်ဦး မှ အဖွင့်အမှာစကားပြောကြား၍ ပတ်ဝန်းကျင်စီမံခန့်ခွဲမှုကောင်းမွန်သော မြို့နှင့် စက်ရုံ/ အလုပ်ရုံများဖော်ဆောင်ရေး ဆုစိစစ်ရွေးချယ်ရေးလုပ်ငန်းအဖွဲ့မှ တာဝန်ပေးအပ်ထားသည့် ဌာနများမှ မိမိတို့ဌာနနှင့်သက်ဆိုင်သည့် အခြေခံစံနှုန်းများအပေါ် လုပ်ငန်း ဆောင်ရွက်ချက်များအား Powet Point ဖြင့် ရှင်းလင်းတင်ပြရာ ပတ်ဝန်းကျင်စီမံခန့်ခွဲမှုကောင်းမွန်သောမြို့အဖြစ် ကျိုင်းတုံမြို့အား ရွေးချယ်တင်ပြနိုင်ရေးအတွက် ပြုစုထားသော (၁၀)မိနစ်စာ Video Clip အား ကြည့်ရှုတင်ပြပြီး အထွေထွေဆွေးနွေးခြင်းများနှင့် ဖြည့်စွက်ဆွေးနွေးလိုသူများမှ ဖြည့်စွက်ဆွေးနွေးတင်ပြကြပြီး ပတ်ဝန်းကျင်စီမံခန့်ခွဲမှုကောင်းမွန် သော မြို့နှင့် စက်ရုံ/ အလုပ်ရုံများဖော်ဆောင်ရေး ဆုစိစစ်ရွေးချယ်ရေးလုပ်ငန်းအဖွဲ့၊ ဥက္ကဌ၊ ပြည်နယ် အစိုးရအုပ်ချုပ်ရေးအဖွဲ့ခွဲ ( ရှမ်းအရှေ့ )၊ ဥက္ကဌ၊ ဦးဇော်လွင်ဦး မှ ဆွေးနွေးတင်ပြချက်များ အပေါ် လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဖြည့်ဆည်းဆောင်ရွက်ပေးခြင်းများပြုလုပ်ခဲ့ကြောင်း သိရှိရသည်။
အစည်းအဝေးသို့ ပြည်နယ်အစိုးရ အုပ်ချုပ်ရေးအဖွဲ့ခွဲ ( ရှမ်းအရှေ့ )၊ ဥက္ကဌ၊ ရှမ်းပြည်နယ် ( အရှေ့ပိုင်း ) ပတ်ဝန်းကျင်စီမံခန့်ခွဲမှု ကောင်းမွန်သော မြို့နှင့် စက်ရုံ/ အလုပ်ရုံများဖော်ဆောင်ရေး ဆုစိစစ်ရွေးချယ်ရေးလုပ်ငန်းအဖွဲ့၊ ဥက္ကဌ၊ ဦးဇော်လွင်ဦးနှင့် အဖွဲ့ဝင်များ၊ သက်ဆိုင်ရာဌာနများမှ အကြီးအကဲများနှင့် တာဝန်ရှိသူများ၊ မြို့မိ၊ မြို့ဖများနှင့်အတူတက်ရောက်ခဲ့ကြကြောင်း သိရှိရသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံး