မိုင်းဆတ် ဖေဖော်ဝါရီ-၇
မိုင်းဆတ်ခရိုင်၊မိုင်းဆတ်မြို့နယ် စက်မှုစိုက်ပျိုးမွေးမြူရေးအထက်တန်းကျောင်း၊အထက(ခွဲ) အလက(၂)ကျောင်းတွင် (၇၈)နှစ်မြောက် ရှမ်းပြည်နယ်နေ့သ၀ဏ်လွှာဖတ်ကြားခြင်းအခမ်းအနားကို ဖေဖော်ဝါရီလ(၇)ရက် နံနက်(၈)နာရီက အဆိုပါကျောင်း၌ကျင်းပသည်။
အခမ်းအနားတွင် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဌ၊နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မူးကြီးသတိုးမဟာသရေစည်သူ၊သတိုးသီရိသုဓမ္မ မင်းအောင်လှိုင်ထံမှ ပေးပို့သော ရှမ်းပြည်နယ်နေ့သဝဏ်လွှာအား ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ ဦးညီညီထွေးမှ ဖတ်ကြားပြီး ပြည်နယ်အစိုးရအဖွဲ့၊ပြည်နယ်ဝန်ကြီးချုပ်ဦးအောင်အောင်ထံမှ ပေးပို့သော ရှမ်းပြည်နယ်နေ့သဝဏ်လွှာအား မြို့နယ်စီမံ အုပ်ချုပ် ‌ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးအားလွန် မှဖတ်ကြား၍ တိုင်းရင်းသား ရိုးရာ အကပဒေသာများဖြင့် ဖျော်ဖြေတင်ဆက်ကာ အမှတ်တရ စုပေါင်းမှတ်တမ်းတင်ဓါတ်ပုံရိုက်ကူးကြကြောင်း သိရှိရသည်။
အဆိုပါအခမ်းအနားသို့ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးညီညီထွေးနှင့် ခရိုင်/မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊တပ်ဘက်ဆိုင်ရာ အရာရှိကြီးများ၊ မြို့မိမြို့ဖများ၊ (ရှမ်း၊လားဟူ၊အာခါ၊လီဆူး)တိုင်းရင်းသားယဉ်ကျေးမှုအဖွဲ့များစုစုပေါင်းအင်အား(၄၀၀ )ဦး ခန့်တက်ရောက်ခဲ့ကြကြောင်းသိရှိရသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံး