ကျိုင်းတုံ ဖေဖော်ဝါရီ-၇
(၄၉) ကြိမ်မြောက် ” ဝ ” တိုင်းရင်းသားရိုးရာ စုပေါင်းနှစ်သစ်ကူးပွဲတော်ကို ဖေဖော်ဝါရီလ(၇)ရက် နံနက်(၁၁)နာရီက ကျိုင်းတုံမြို့၊ မိုင်းဇင်းအုပ်စု၊ ပင်းဆိုင်း “ဝ” ရွာ၊ အားကစားကွင်း၌ကျင်းပသည်။
အခမ်းအနားတွင် “ဝ” တိုင်းရင်းသားလူငယ်များမှ “ဝ” တေးသီချင်းသီဆို၍ အခမ်းအနားဖွင့်လှစ်ပြီး တိုင်းမှူး၊ ဗိုလ်မှူးချုပ်စိုးလှိုင် မှ အမှာစကားပြောကြားပြီး ” ဝ ” အမျိုးသားပါတီ၊ ဒုတိယဥက္ကဌ၊ ဆမ်မားကို့စ် မှ ကြိုဆိုနှုတ်ခွန်းဆက်စကားပြောကြား၍ ကျိုင်းတုံမြို့၊ ” ဝ ” စာပေနှင့်ယာဉ်ကျေးမှုအဖွဲ့၊ ဥက္ကဌ၊ ဦးညီနပ် မှ တိုင်းမှူးထံသို့ ဂါဝရပြု လက်ဆောင်ပေးအပ်ပြီးနောက် ပွဲဖြစ်မြောက်ရေးအတွက် ပါဝင်ကူညီခဲ့ကြသော အလှူရှင်များအား ဂုဏ်ပြုမှတ်တမ်းလွှာများကိုပေးအပ်ခဲ့ကြကြောင်း သိရှိရသည်။
ထို့နောက် ” ဝ ” တိုင်းရင်းသားစာပေနှင့် ယာဉ်ကျေးမှုအဖွဲ့၊ အတွင်းရေးမှူး၊ ဦးမောရှေ မှ ကျေးဇူးတင်စကားပြောကြားပြီး ” ဝ ” ရိုးရာယာဉ်ကျေးမှုအဖွဲ့၏ သီဆိုကပြဖျော်ဖြေမှုများကို ကြည့်ရှု့အားပေးကာ တည်ခင်းဧည့်ခံထားသော ” ဝ ” ရိုးရာအစားအစာများဖြင့် နေ့လယ်စာ အတူတကွသုံးဆောင်ခဲ့ကြကြောင်း သိရှိရသည်။
၎င်းအခမ်းအနားသို့ ပြည်နယ်အစိုးရအုပ်ချုပ်ရေးအဖွဲ့ခွဲ ( ရှမ်းအရှေ့ )၊ ဥက္ကဌ၊ ဦးဇော်လွင်ဦး သည် တြိဂံဒေသတိုင်းစစ်ဌာနချုပ်၊ တိုင်းမှူး၊ ဗိုလ်မှူးချုပ်စိုးလှိုင်နှင့် စစ်ဘက်အရာရှိကြီးများ၊ ပြည်နယ်အစိုးရအုပ်ချုပ်ရေးအဖွဲ့ခွဲ ( ရှမ်းအရှေ့ )၊ အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများနှင့် ဖိတ်ကြားထားသူများ၊ ” ဝ ” တိုင်းရင်းသားများ စုစုပေါင်း ( ၅၀၀ ) ဦးခန့်နှင့် အတူတက်ရောက်ခဲ့ကြကြောင်းသိရှိသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံး