ကျိုင်းတုံ ဖေဖော်ဝါရီ-၇
(၇၈) နှစ်မြောက် ရှမ်းပြည်နယ်နေ့သဝဏ်လွှာဖတ်ပွဲ အခမ်းအနားကို ဖေဖော်ဝါရီလ(၇) ရက် နံနက်( ၈) နာရီက ကျိုင်းတုံမြို့၊ ခရိုင်အားကစားကွင်း၊ လေ့ကျင့်ရေးအားကစားရုံ၌ ကျင်းပသည်။
အခမ်းအနားတွင် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အလံအားအလေးပြုခြင်း၊ ပြည်ထောင်စုသမ္မတမြန်မာ နိုင်ငံတော်၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ၊ သတိုးသီရိသုဓမ္မမင်းအောင်လှိုင်ထံမှ ( ၇၈ ) နှစ်မြောက် ရှမ်းပြည်နယ်နေ့ အခမ်းအနားသို့ ပေးပို့သည့်သဝဏ်လွှာအား တိုင်းမှူးဗိုလ်မှူးချုပ်စိုးလှိုင်မှဖတ်ကြားပြီး ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ်ဦးအောင်အောင်ထံမှပေးပို့သော ( ၇၈ ) နှစ်မြောက် ရှမ်းပြည်နယ်နေ့ အခမ်းအနားသို့ပေးပို့သည့် သဝဏ်လွှာအား ပြည်နယ်အစိုးရအုပ်ချုပ်ရေးအဖွဲ့ခွဲ ( ရှမ်းအရှေ့ )၊ ဥက္ကဌ၊ ဦးဇော်လွင်ဦး မှ ဖတ်ကြားသည်။
ထို့နောက် အားကစားရုံအတွင်း၌ ခင်းကျင်းပြသထားသော အသေးစား၊ အလတ်စား၊ အငယ်စား MSMEs ဒေသထွက်ကုန်ပြခန်းများအား လှည့်လည်ကြည့်ကြည့်ရှု့ကြသည်။ အဆိုပါအခမ်းအနားသို့ တြိဂံဒေသတိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်မှူးချုပ်စိုးလှိုင်၊ ပြည်နယ်အစိုးရအုပ်ချုပ်ရေးအဖွဲ့ခွဲ ( ရှမ်းအရှေ့ )၊ ဥက္ကဌ ဦးဇော်လွင်ဦးနှင့် အဖွဲ့ဝင်များ၊ စစ်ဘက်အရာရှိကြီးများ၊ ပြည်နယ်/ ခရိုင်/ မြို့နယ် အဆင့်ဌာနဆိုင်ရာများ၊ မြို့မိမြို့ဖများ၊ တိုင်းရင်းသားယာဉ်ကျေးမှုအဖွဲ့ဝင်များနှင့် ပြည်သူလူထုများ စုစုပေါင်း ( ၁၀၀၀ ) ဦး တက်ရောက်ခဲ့ကြကြောင်း သိရှိရသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံး