တောင်ကြီး ဖေဖေါ်ဝါရီ-၄
ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ်ဦးအောင်အောင်၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်အစိုးရအဖွဲ့အတွင်းရေးမှူး၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်များ၊ တာဝန်ရှိသူများနှင့်အတူ ဖေဖေါ်ဝါရီလ(၄)ရက်၊ နံနက်(၈)နာရီခွဲက တောင်ကြီးမြို့၊ အဝေရာမီးပုံးပျံကွင်း၌ (၇၈)နှစ်မြောက် ရှမ်းပြည်နယ်နေ့အခမ်းအနားကျင်းပရန် ကြိုတင်ပြင်ဆင် နေမှုများနှင့် ဌာနဆိုင်ရာပြခန်းများ၊ တိုင်းရင်းသားရိုးရာအသုံးအဆောင်ပစ္စည်းများနှင့် အစား အသောက်ပြခန်းများ၊ MSME ပြခန်းများ၊ ကုမ္ပဏီပြခန်းများ ပြင်ဆင်ဆောင်ရွက်နေမှုကို ကြည့်ရှုစစ်ဆေး၍ လိုအပ်သည်များကို တာဝန်ရှိသူများအား ဖြည့်စွက်မှာကြား၍ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်းသိရသည်။
ထိုမှတစ်ဆင့် ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများသည် တောင်ကြီးမြို့၊ ကျောင်းကြီးစု ရပ်ကွက်ရှိ ဂနိုင်ကန်သာယာကန်ပတ်လျှောက်လမ်း ဖွင့်ပွဲကျင်းပရန်အတွက် ကြိုတင်ပြဆင် နေမှုများနှင့် မြို့တော်ခန်းမတွင် (၇၈)နှစ်မြောက်ရှမ်းပြည်နယ်နေ့အထိမ်းအမှတ် ဂုဏ်ထူးဆောင် လက်မှတ်နှင့် ဂုဏ်ထူးဆောင်ဆုပစ္စည်း ချီးမြှင့်အပ်နှင်းခြင်းအခမ်းအနား ဆောင်ရွက်ရန် ကြိုတင်ပြင်ဆင်နေမှုများကို ကွင်းဆင်းကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များကို ဖြည့်စွက်မှာကြား ခဲ့ကြောင်းသိရသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံး