ကျိုင်းတုံ ဇန်နဝါရီ-၃၁
ကျိုင်းတုံမြို့၊ အမှတ် ( ၁၁ ) တပ်မတော် တန်းမြင့်လေ့ကျင့်ရေးကျောင်း၊ စစ်ရေးပြကွင်းတွင် ပြည်သူ့စစ်မှုထမ်းအမှတ်စဉ် ( ၇/ ၂၀၂၄ ) သင်တန်းဆင်းပွဲအခမ်းအနား ကျင်းပပြုလုပ်ခဲ့ရာ အခမ်းအနားကို ဇန်နဝါရီလ( ၃၁) ရက် နံနက်(၇ ) နာရီတွင် ပြည်နယ်အစိုးရအုပ်ချုပ်ရေးအဖွဲ့ခွဲ ( ရှမ်းအရှေ့ )၊ ဥက္ကဌ၊ ဦးဇော်လွင်ဦး သည် တြိဂံဒေသတိုင်းစစ်ဌာနချုပ်၊ တိုင်းဦးစီး၊ ဗိုလ်မှူးချုပ်ကျော်ထက်နှင့် စစ်ဘက်အရာရှိကြီးများ၊ ပြည်နယ်အစိုးရအုပ်ချုပ်ရေးအဖွဲ့ခွဲ (ရှမ်းအရှေ့)၊ အဖွဲ့ဝင်များ၊ နယ်ဘက်ဌာနဆိုင်ရာများမှ တာဝန်ရှိသူများ၊ သင်တန်းဆင်း ပြည်သူ့စစ်မှုထမ်း သင်တန်းသား ( ၃၃၄ ) ဦးတို့နှင့်အတူတက်ရောက်ခဲ့ပြီး အခမ်းအနားတွင် အမှတ်( ၁၁ ) တပ်မတော်တန်းမြင့်လေ့ကျင့်ရေးကျောင်း၊ ကျောင်းအုပ်ကြီး မှ သင်တန်းဆင်းမိန့်ခွန်းပြောကြား ခြင်း၊ သင်တန်းထူးချွန်ဆုရရှိသူများအား ဆုများပေးအပ်ချီးမြှင့်ခြင်း၊ ပြည်သူ့စစ်မှုထမ်းသင်တန်း သားများအား ရင်းရင်းနှီးနှီးလိုက်လံနှုတ်ဆက်အားပေးစကားပြောကြားခြင်းနှင့် နံနက်စောစာအား အတူသုံးဆောင်ခြင်းများဆောင်ရွက်ခဲ့ကြသည်။
ထို့နောက် ကျိုင်းတုံမြို့၊ နောင်ကုန်ကျေးရွာအုပ်စုရှိ နမ့်လပ်ချောင်း၊ ချောင်းပေါင်များပြန်လည်ပြုပြင်ခြင်းနှင့် ချောင်းဖြောင့်ခြင်းလုပ်ငန်းဆောင်ရွက်နေမှု နေရာများသို့ နံနက်( ၁၀ ) နာရီခွဲတွင် ပြည်နယ်အစိုးရအုပ်ချုပ်ရေးအဖွဲ့ခွဲ ( ရှမ်းအရှေ့ )၊ ဥက္ကဌ၊ ဦးဇော်လွင်ဦး သည် ဆည်မြောင်းနှင့် ရေအသုံးချစီမံခန့်ခွဲရေးဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူး၊ ကျိုင်းတုံခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး၊ ကျိုင်းတုံမြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနမှ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး၊ ကျိုင်းတုံမြို့နယ်ဆည်မြောင်းနှင့် ရေအသုံးချစီမံခန့်ခွဲရေးဦးစီးဌာနမှ ဦးစီးအရာရှိတို့နှင့်အတူ မြေပြင်ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ပြီး လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဖြည့်ဆည်းခြင်းများဆောင်ရွက်ပေးခဲ့ကြသည်။
ဆက်လက်၍ ယန်းလောကျေးရွာအုပ်စု၊ ကျန်းဆက်ကျေးရွာအနီးရှိ နမ့်ခင်ချောင်း၊ ချောင်းပေါင်များပြင်ဆင်ဆောင်ရွက်ထားရှိမှုများနေရာသို့ မြေပြင်ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ပြီး လာမည့်ဘဏ္ဍာရေးနှစ်တွင် ရေစီး ရေလာကောင်းမွန်ပြီး၊ ရေကြီးနစ်မြုပ်မဖြစ်ပေါ်စေရန်နှင့် နမ့်ခင်ချောင်း သဲနုန်းတူးဖော်ခြင်းကို လည်း မိုးကာလမတိုင်မီဆောင်ရွက်ထားရှိစေရေးများမှာကြားပြီး ကျေးလက် ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဆိုလာရေတင်အဆောက်အဦ ဆောက်လုပ်ထားရှိမှုနှင့် ကျိုင်းဖောင်းရေလွှဲဆည်မှ နောင်တုံကန်သို့ဝင်ရောက်သော ရေပေးမြောင်းအား ကြည့်ရှုစစ်ဆေးခဲ့ပြီး လိုအပ်သည်များပေါင်းစပ်ညှိနှိုင်း ဖြည့်ဆည်းခြင်းများဆောင်ရွက်ပေးခဲ့ကြကြောင်း သိရှိရသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံး