ကျိုင်းတုံ ဇန်နဝါရီ-၂၃
ကျိုင်းတုံမြို့၊ ယန်းလှကျေးရွာ အုပ်စုရှိ Polytechnic University (Kyaing Tong) သို့ ဇန်နဝါရီ (၂၃)ရက် နံနက်(၈)နာရီခွဲမှ နေ့လည်(၁)နာရီထိ တြိဂံဒေသတိုင်းစစ်ဌာနချုပ်၊ ဧည့်ရိပ်သာကြီးတွင် ညအိပ်အခြေပြုလျက်ရှိသော သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့ဝင်များ ကျောင်းတည်ဆောက်ရေးလုပ်ငန်းများအား လိုက်လံကြည့်ရှုစစ်ဆေးခြင်းနှင့် ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများနှင့် တွေ့ဆုံပွဲအခမ်းအနား ဆောင်ရွက်ခြင်းအား ပြည်နယ်အစိုးရအုပ်ချုပ်ရေး အဖွဲ့ခွဲ(ရှမ်းအရှေ့)၊ ဥက္ကဋ္ဌ၊ ဦးဇော်လွင်ဦးသည် တြိဂံဒေသတိုင်းစစ်ဌာနချုပ်၊ တိုင်းဦးစီး၊ ဗိုလ်မှူးချုပ် ကျော်ထက်၊ ပြည်နယ်အစိုးရအုပ်ချုပ်ရေးအဖွဲ့ခွဲ(ရှမ်းအရှေ့)အဖွဲ့ဝင်များ၊ Polytechnic University (Kyaing Tong) ပါမောက္ခချုပ်နှင့် ဒုတိယပါမောက္ခချုပ်များ၊ ဌာနဆိုင်များမှ တာဝန်ရှိသူများနှင့်အတူ လိုက်ပါဆောင်ရွက်ခဲ့ပါသည်။
ထို့နောက် ကျိုင်းတုံမြို့၊ အမှတ်(၅)ရပ်ကွက် ရှိ ကျိုင်းတုံဟော်နန်းပြတိုက်အတွင်း ခင်းကျင်းပြသထားရှိမှုများကို မွန်းလွဲပိုင်း(၃)နာရီ၄၅မိနစ်မှ ညနေ(၄)နာရီခွဲထိ သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့ဝင်များ သွားရောက်လှည့်လည်ကြည့်ရှုခြင်းအား ပြည်နယ်အစိုးရအုပ်ချုပ်ရေး အဖွဲ့ခွဲ(ရှမ်းအရှေ့)၊ ဥက္ကဋ္ဌ၊ ဦးဇော်လွင်ဦးသည် တြိဂံဒေသတိုင်းစစ်ဌာနချုပ်၊ တိုင်းမှူးနှင့် အရာရှိကြီးများ၊ ပြည်နယ်အစိုးရအုပ်ချုပ်ရေးအဖွဲ့ခွဲ(ရှမ်းအရှေ့)အဖွဲ့ဝင်များ၊ သက်ဆိုင်ရာဌာနများမှ တာဝန်ရှိသူများနှင့် အတူ လိုက်ပါဆောင်ရွက်ခဲ့ပြီး ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာနမှ လက်ထောက် ညွှန်ကြားရေးမှူးမှ ခင်းကျင်းပြသထားရှိမှုများအား လိုက်လံရှင်းလင်းတင်ပြခဲ့ကြောင်း သိရှိရသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံး