ကျိုင်းတုံ ဇန်နဝါရီ-၂၀
ကျိုင်းတုံမြို့၊ အမှတ်( ၁၁ )တပ်မတော် တန်းမြင့်လေ့ကျင့်ရေးကျောင်း၊ စစ်ရေးပြကွင်းတွင် ပြည်သူ့စစ်မှုထမ်းအမှတ်စဉ် ( ၉/ ၂၀၂၅ ) သင်တန်းဖွင့်ပွဲအခမ်းအနားကို ဇန်နဝါရီလ(၂၀) ရက်နံနက်( ၈ ) နာရီတွင် ကျင်းပပြုလုပ်ခဲ့ရာ အခမ်းအနားသို့ ပြည်နယ်အစိုးရအုပ်ချုပ်ရေး အဖွဲ့ခွဲ ( ရှမ်းအရှေ့ )၊ ဥက္ကဌ၊ ဦးဇော်လွင်ဦး သည် တြိဂံဒေသတိုင်းစစ်ဌာနချုပ်၊ တိုင်းမှူးနှင့် စစ်ဘက်အရာရှိကြီးများ၊ ပြည်နယ်အစိုးရအုပ်ချုပ်ရေးအဖွဲ့ခွဲ(ရှမ်းအရှေ့)၊ အဖွဲ့ဝင်များ၊ နယ်ဘက် ဌာနဆိုင်ရာအကြီးအကဲများ၊ တာဝန်ရှိသူများနှင့်အတူတက်ရောက်ခဲ့ပြီး အခမ်းအနားတွင် အမှတ် ( ၁၁ ) တပ်မတော်တန်းမြင့်လေ့ကျင့်ရေးကျောင်း၊ ကျောင်းအုပ်ကြီး မှ သင်တန်းဖွင့်မိန့်ခွန်း ပြောကြားခြင်း၊ ပြည်နယ်အစိုးရအုပ်ချုပ်ရေးအဖွဲ့ခွဲ (ရှမ်းအရှေ့)၊ ဥက္ကဌ၊ ဦးဇော်လွင်ဦး မှ ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ ထောက်ပံ့ငွေ ( ၉,၈၂၀,၀၀ဝိ/- )ကျပ်အား ကျောင်းအုပ်ကြီးသို့ပေးအပ် ခြင်း၊ တြိဂံဒေသတိုင်းစစ်ဌာနချုပ်၊ တိုင်းမှူး မှ တစ်ကိုယ်ရေသုံးပစ္စည်းများ ထောက်ပံ့ပေးအပ်ခြင်း၊ ပြည်သူ့စစ်မှုထမ်းသင်တန်းသား ( ၂၉၄ ) ဦးအား ရင်းရင်းနှီးနှီးလိုက်လံနှုတ်ဆက်အားပေးစကား ပြောကြားခြင်းနှင့် နံနက်စောစာအား အတူသုံးဆောင်ခဲ့ကြကြောင်း သိရှိရသည်။
ထို့နောက် ကျိုင်းတုံမြို့၊ အမှတ်( ၃ )ရပ်ကွက်၊ စွမ်မိုင်ကျောင်းတိုက်တွင် ဘဝနတ်ထံပျံလွန်တော်မူသော စွမ်မိုင်ကျောင်းတိုက် ဦးစီးပဓာန နာယကဆရာတော် ဘဒ္ဒန္တ ဥတ္တမ မထေရ် သက်တော် ( ၇၆ ) သိက္ခာတော် ( ၅၆ ) ဝါ၏ အန္တိမ ဈာပနပူဇာအကြိုနေ့ အားရည်စူး၍ ကုသိုလ်ကောင်းမှုပြု အမျှအတမ်းပေးဝေခြင်းကို နံနက်(၉)နာရီတွင် ကျင်းပပြုလုပ်ခဲ့ရာ ပြည်နယ်အစိုးရအုပ်ချုပ်ရေးအဖွဲ့ခွဲ ( ရှမ်းအရှေ့ )၊ ဥက္ကဋ္ဌ၊ ဦးဇော်လွင်ဦး သည် ကျိုင်းယင်းကျောင်းတိုက် ဆရာတော် ဘဒ္ဒန္တခေမာစာရ ၊ ဟိုခုံကျောင်းတိုက် ဆရာတော် ဘဒ္ဒန္တဇောတိက၊ ကျိုင်းအင်းကျောင်း ဆရာတော် ဘဒ္ဒန္တဌိတဓမ္မ၊ နိုင်ငံတော်ဗဟိုသံဃာ့ ဝန်ဆောင် ကျိုင်းလဲကျောင်းတိုက် ဆရာတော် ဘဒ္ဒန္တဥတ္တမ၊ နောင်ဖာစေတီကျောင်းတိုက် ဆရာတော် ဘဒ္ဒန္တစန္ဒာဝရ၊ ဘဒ္ဒန္တပညာသီရိ ဘုမ်းမင်းခေမင်းကျောင်းတိုက်ဆရာတော် အပါအဝင် ပင့်သံဃာ ( ၆၀ ) ပါး၊ တြိဂံဒေသတိုင်းစစ်ဌာနချုပ်၊ တိုင်းမှူးနှင့် စစ်ဘက်အရာရှိကြီးများ၊ ဌာနဆိုင် ရာများ၊ ဒါယကာ၊ ဒါယိကာမများ၊ ဧည့်ပရိတ်သတ်များနှင့်အတူ တက်ရောက်ခဲ့ပြီး အခမ်းအနားတွင် ရတနာသုံးပါးအားရှိခိုးခြင်း၊ ဆရာတော်ကြီးများထံမှ ငါးပါးသီလခံယူတည်ဆောက်ခြင်း၊ ဘဝနတ်ထံ ပျံလွန်တော်မူသော ဆရာတော်၏ ထေရုပ္ပတ္တိ အကျဉ်းအားဖတ်ကြားခြင်း၊ ဘဝနတ်ထံပျံလွန် တော်မူသော ဆရာတော်၏ ခေါင်းတလားအား ရွှေသင်္ကန်းကပ်လှူခြင်း၊ ဆရာတော်ကြီးများထံသို့ လှူဖွယ်ဝတ္ထုများဆက်ကပ်လှူဒါန်း၊ ရေစက်သွန်းချအမျှအတမ်းပေးဝေခြင်း၊ ရတနာမြတ် ( ၃ ) ပါးတို့အား ပြန်လည်ကန်တော့ခြင်းများ ပြုလုပ်ခဲ့ပါကြောင်း သိရှိရသည်။
ရှမ်းပြည်နယ်(အရှေ့ပိုင်း) ပတ်ဝန်းကျင် စီမံခန့်ခွဲမှုကောင်းမွန်သော မြို့နှင့် စက်ရုံ/ အလုပ်ရုံများဖော်ဆောင်ရေး ဆုစိစစ်ရွေးချယ်ရေး လုပ်ငန်းအဖွဲ့ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ဇန်နဝါရီလ( ၂၀) ရက် နံနက်( ၁၀ ) နာရီခွဲတွင် ကျိုင်းတုံမြို့၊ ပြည်နယ်အစိုးရ အုပ်ချုပ်ရေးအဖွဲ့ခွဲ(ရှမ်းအရှေ့)ရုံး၊ အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့ရာ အစည်းအဝေးသို့ ပြည်နယ်အစိုးရ အုပ်ချုပ်ရေးအဖွဲ့ခွဲ ( ရှမ်းအရှေ့ )၊ ဥက္ကဌ၊ ရှမ်းပြည်နယ် ( အရှေ့ပိုင်း ) ပတ်ဝန်းကျင်စီမံခန့်ခွဲမှု ကောင်းမွန်သော မြို့နှင့် စက်ရုံ/ အလုပ်ရုံများဖော်ဆောင်ရေး ဆုစိစစ်ရွေးချယ်ရေးလုပ်ငန်းအဖွဲ့၊ ဥက္ကဌ၊ ဦးဇော်လွင်ဦး သည် ပြည်နယ်အစိုးရအုပ်ချုပ်ရေးအဖွဲ့ခွဲ ( ရှမ်းအရှေ့ ) အဖွဲ့ဝင်များ၊ သက်ဆိုင်ရာဌာနများမှ အကြီးအကဲများနှင့် တာဝန်ရှိသူများ၊ မြို့မိ၊ မြို့ဖများနှင့်အတူတက်ရောက်ခဲ့ ပြီး အစည်းအဝေးတွင် ပြည်နယ်အစိုးရအုပ်ချုပ်ရေးအဖွဲ့ခွဲ ( ရှမ်းအရှေ့ )၊ ဥက္ကဌ၊ ပတ်ဝန်းကျင်စီမံ ခန့်ခွဲမှုကောင်းမွန်သော မြို့နှင့် စက်ရုံ/ အလုပ်ရုံများဖော်ဆောင်ရေး ဆုစိစစ်ရွေးချယ်ရေးလုပ်ငန်း အဖွဲ့၊ ဥက္ကဌ၊ ဦးဇော်လွင်ဦး မှ အဖွင့်အမှာစကားပြောကြားခြင်း၊ ပတ်ဝန်းကျင်စီမံခန့်ခွဲမှုကောင်းမွန် သော မြို့နှင့် စက်ရုံ/ အလုပ်ရုံများဖော်ဆောင်ရေး ဆုစိစစ်ရွေးချယ်ရေးလုပ်ငန်းအဖွဲ့မှ တာဝန်ပေး အပ်ထားသည့် ဌာနများမှ မိမိတို့ဌာနနှင့်သက်ဆိုင်သည့် အခြေခံစံနှုန်းများအပေါ် လုပ်ငန်း ဆောင်ရွက်ချက်များအား Powet Point ဖြင့် ရှင်းလင်းတင်ပြခြင်း၊ အထွေထွေဆွေးနွေးခြင်းအဖြစ် ဖြည့်စွက်ဆွေးနွေးလိုသူများမှ ဖြည့်စွက်ဆွေးနွေးတင်ပြခြင်း၊ ပတ်ဝန်းကျင်စီမံခန့်ခွဲမှုကောင်းမွန် သော မြို့နှင့် စက်ရုံ/ အလုပ်ရုံများဖော်ဆောင်ရေး ဆုစိစစ်ရွေးချယ်ရေးလုပ်ငန်းအဖွဲ့၊ ဥက္ကဌ၊ ပြည်နယ် အစိုးရအုပ်ချုပ်ရေးအဖွဲ့ခွဲ ( ရှမ်းအရှေ့ )၊ ဥက္ကဌ၊ ဦးဇော်လွင်ဦး မှ ဆွေးနွေးတင်ပြချက်များ အပေါ် လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဖြည့်ဆည်းဆောင်ရွက်ပေးခြင်းများပြုလုပ်ခဲ့ကြောင်း သိရှိရသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံး