တောင်ကြီး ဇန်နဝါရီ-၂၅
ရှမ်းပြည်နယ်အစိုးရအဖွဲ့သို့ တောင်ကြီးမြို့၊ ကျောင်းကြီးစုရပ်ကွက်ရှိ ဂနိုင်ကန်လမ်းဆုံအနီး ရေမြောင်းနှင့်လမ်းများ အဆင့်မြှင့်တင်ခြင်းလုပ်ငန်းများကို မြန်မာပါဝါကုမ္ပဏီမှ လာရောက် ရှင်းလင်းကို ဇန်နဝါရီလ(၂၄)ရက်၊ မွန်းလွဲ(၂)နာရီက တောင်ကြီးမြို့၊ ရှမ်းပြည်နယ်အစိုးရရုံး အစည်းအဝေးခန်းမ၌ကျင်းပသည်။
ဂနိုင်ကန်လမ်းဆုံအနီး ရေမြောင်းနှင့် လမ်းများအဆင့်မြှင့်တင်ခြင်းလုပ်ငန်းဖြစ်သည့် ကွန်ကရစ်လမ်းခင်းခြင်း၊ ကျောက်ရိုးစီရေမြောင်းလုပ်ငန်းများ ပလက်ဖောင်းပြုပြင်ဆောင်ရွက်မည့် ပုံစံများကို မြန်မာပါဝါကုမ္မဏီ မန်နေဂျင်းဒါရိုက်တာဦးဟန်သာဝင်းမှ ရှင်းလင်းတင်ပြရာ ပြည်နယ်ဝန်ကြီးချုပ်ဦးအောင်အောင်က ရေစီးရေလာကောင်းမွန်ရေးအတွက် စည်ပင်သာယာရေး ဌာန အင်ဂျင်နီယာပညာရှင်များမှ ဆွေးနွေးတင်ပြပေးရန်၊ အားနည်းချက်အားသာချက်အပေါ် ဝိုင်းဝန်းဆောင်ရွက်ပေးကြရန် ဖြည့်စွက်ဆွေးနွေးပြောကြားသည်။
ထို့နောက် တက်ရောက်လာကြသော သက်ဆိုင်ရာဌာနများနှင့် ပြည်နယ်ဝန်ကြီးများမှ တာဝန်ရှိသူများက ဂနိုင်ကန်လမ်းဆုံအနီး ရေမြောင်းနှင့်လမ်းများ အဆင့်မြှင့်တင်ခြင်း လုပ်ငန်းနှင့်ပတ်သက်၍ လိုအပ်သည်များဖြည့်စွက်ဆွေးနွေးတင်ပြကြပြီး ပြည်နယ်ဝန်ကြီးချုပ်က ယခုလိုအားလုံးဝိုင်းဝန်းအကြံပြုဆွေးနွေးပေးသည့်အတွက် ကျေးဇူးတင်ရှိပါကြောင်း၊ သက်ဆိုင်ရာ ကုမ္ပဏီနှင့်စည်ပင်သာယာရေးဌာနတို့က မြေပြင်ကွင်းဆင်းဆောင်ရွက်ပေးကြရန်၊ လုပ်ငန်းများကို အချိန်မီပြီးစီးနိုင်ရေးနှင့် သတ်မှတ်စံချိန်စံညွှန်းအတိုင်း ဆောင်ရွက်ပေးကြရန် ဆွေးနွေး ပြောကြားကြောင်း သိရသည်။
၎င်းနောက် ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်လမ်းပန်းဆက်သွယ်ရေးဝန်ကြီး၊ ပြည်နယ် အဆင့်သက်ဆိုင်ဌာနမှ တာဝန်ရှိသူများ၊ ကုမ္ပဏီတာဝန်ရှိသူများနှင့်အတူ ဂနိုင်ကန်လမ်းဆုံအနီး ရေမြောင်းနှင့်လမ်းများအဆင့်မြှင့်တင်ခြင်း ဆောင်ရွက်မည့်နေရာအား ကွင်းဆင်းကြည့်ရှုစစ်ဆေး ကြကြောင်းသိရှိရသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံး