ကျိုင်းတုံ ဇန်နဝါရီ-၁၇
( ၁/ ၂၀၂၅ ) လအတွက် လစဉ်ဝန်ထမ်းဆန္ဒဖော်ထုတ်ပွဲနှင့် ဝန်ထမ်းသက်သာထောက်ပံ့ပေးအပ်ပွဲ အခမ်းအနားကို ဇန်နဝါရီလ( ၁၇ ) ရက် ညနေ( ၃ ) နာရီခွဲတွင် ပြည်နယ်အစိုးရအုပ်ချုပ်ရေးအဖွဲ့ခွဲ (ရှမ်းအရှေ့)၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
ပြည်နယ်အစိုးရအုပ်ချုပ်ရေးအဖွဲ့ခွဲ ( ရှမ်းအရှေ့ )၊ ဥက္ကဋ္ဌ၊ ဦးဇော်လွင်ဦး သည် ပြည်နယ်ဒုတိယ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ( ကျိုင်းတုံ ) ရုံးနှင့် မိုင်းလားခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးမှ ဝန်ထမ်းများ စုစုပေါင်းအင်အား ( ၄၄ ) ဦးတို့နှင့်အတူ တက်ရောက်ခဲ့ပြီး အခမ်းအနားတွင် ပြည်နယ်အစိုးရအုပ်ချုပ်ရေးအဖွဲ့ခွဲ( ရှမ်းအရှေ့ )၊ ဥက္ကဌ၊ ဦးဇော်လွင်ဦးမှ အဖွင့်အမှာစကား ပြောကြားခြင်း၊ ( ၁/ ၂၀၂၅ ) လအတွက် လစဉ်ဝန်ထမ်းဆန္ဒဖော်ထုတ်ပွဲကျင်းပပြုလုပ်ခြင်း၊ ပြည်နယ်အစိုးရအုပ်ချုပ်ရေးအဖွဲ့ခွဲ ( ရှမ်းအရှေ့ )၊ ဥက္ကဋ္ဌ၊ ဦးဇော်လွင်ဦး မှ ဝန်ထမ်းများအား ( ၁/ ၂၀၂၅ ) လအတွက် ဝန်ထမ်းသက်သာပစ္စည်းများ ထောက်ပံ့ပေးအပ်ခဲ့ပြီး လိုအပ်သည်များ ရှင်းလင်း ဆွေးနွေးမှာကြားပြီး နိဂုံးချုပ်အမှာစကားပြောကြားခဲ့ကြောင်း သိရှိရသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံး