မိုင်းဆတ် ဇန်နဝါရီ-၁၀
မိုင်းဆတ်ခရိုင်၊မိုင်းဆတ်မြို့နယ် စက်မှုစိုက်ပျိုးမွေးမြူရေးအထက်တန်းကျောင်း၊အထက(ခွဲ) အလက(၂)ကျောင်းတွင် ပညာရေး စုံညီပွဲအခမ်းအနားကို ဇန်နဝါရီလ (၁ဝ)ရက်၊နံနက်( ၇)နာရီခွဲတွင် ကျင်းပပြုလုပ်ခဲ့သည်။
ဆက်လက်၍ စုံညီပွဲတော်တူနွဲပျော် သီချင်းဖြင့် အခမ်းအနားဖွင့်လှစ်ပြီးခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးညီညီထွေးမှအမှာစကားပြောကြားခြင်း၊ ခရိုင်ပညာရေးမှူးရုံးမှ လက်/ညွှန်ဦးမိုးကျော်သူမှ အမှာစကား ပြောကြား ခြင်း၊ စက်မှု စိုက်ပျိုးမွေးမြူရေးအထက်တန်း ကျောင်း ကျောင်းအုပ်ကြီးမှကျောင်း ကိစ္စရပ်များ ရှင်းလင်းတင်ပြခြင်းနှင်းကျေးဇူးတင်စကား ပြောကြားခြင်း၊ ကျောင်း ဘက်စုံဖွံ့ဖြိုး ရေးအတွက် တောက်ပံကြေး ပေးအပ်ခြင်းနှင့် ဂုဏ်ပြုမှတ် တမ်းလွှာ များပြန်လည်ပေးအပ်ခြင်း၊ ပညာရည်ချွန်ဆု ချီးမြှင့်ခြင်း ပြီးနောက်အက ပဒေသာများဖြင့် ဖျော်ဖြေခြင်း၊ ဆောင်ရွက်ခဲ့ ပါကြောင်း သိရှိရသည်။
၎င်းအခမ်းအနားသို့ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးညီညီထွေးနှင့် ခရိုင်/မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဝင်များ၊ခရိုင်/မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊တပ်ဘက်ဆိုင်ရာ အရာရှိကြီးများ၊မြို့မိမြို့ဖများ၊ ခရိုင် အမျိုးသမီးရေးရာ၊မိခင်ကလေးစောင့်ရှောက်ရေးအဖွဲဥက္ကဋ္ဌ ဒေါ်အေးအေးလွင်နှင်.အဖွဲဝင်များ ကျောင်းသား/သူများ မိဘဆရာများ၊စုစုပေါင်းအင်အား(၄၅၀ )ဦးတက်ရောက်ခဲ့ကြောင်း သိရှိရသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံး