ကျိုင်းတုံ ဇန်နဝါရီ-၉
ကျိုင်းတုံမြို့၊ အမှတ်( ၃ )ရပ်ကွက်၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရှမ်းပြည်နယ်၊ တွဲဖက်ပြည်နယ်ရုံး(ကျိုင်းတုံ) ဖွင့်လှစ် နိုင်ရေးအတွက် ပြင်ဆင်ထိန်းသိမ်းခြင်းလုပ်ငန်းများ ဆောင်ရွက်ထားရှိသောအဆောက်အဦ မြေနေရာသို့ ဇန်နဝါရီလ( ၉) ရက်၊ နေ့လည်( ၁၁ ) နာရီခွဲတွင် ပြည်နယ်အစိုးရအုပ်ချုပ်ရေးအဖွဲ့ခွဲ ( ရှမ်းအရှေ့ )၊ ဥက္ကဌ၊ ရှမ်းပြည်နယ်(အရှေ့ပိုင်း) အရည်အသွေးစစ်ဆေးရေးနှင့် လက်ခံရေးကော်မတီ၊ ဥက္ကဌ၊ ဦးဇော်လွင်ဦး သည် လမ်းဦးစီးဌာန၊ တွဲဖက်ပြည်နယ်ညွှန်ကြားရေးမှူး( မြို့ပြ ) ရုံး ( ကျိုင်းတုံ )၊ ညွှန်ကြားရေးမှူး( မြို့ပြ )၊ ရှမ်းပြည်နယ် စီမံကိန်းဦးစီးရုံး ( ရုံးခွဲ ) ( ကျိုင်းတုံ )၊ ဒုတိယညွှန်ကြားရေးမှူးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရှမ်းပြည်နယ်၊ တွဲဖက်ပြည်နယ်ရုံး( ကျိုင်းတုံ )၊ ဒုတိယညွှန်ကြားရေးမှူးတို့နှင့်အတူ မြေပြင်ကွင်းဆင်း ကြည့်ရှုစစ်ဆေးခဲ့ရာ ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရှမ်းပြည်နယ်၊ တွဲဖက်ပြည်နယ်ရုံး ( ကျိုင်းတုံ )၊ ဒုတိယညွှန်ကြားရေးမှူးမှ လုပ်ငန်းဆောင်ရွက်ထားရှိမှုများနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြခဲ့ရာ ပြည်နယ်အစိုးရအုပ်ချုပ်ရေးအဖွဲ့ခွဲ ( ရှမ်းအရှေ့ ) ဥက္ကဌ၊ ဦးဇော်လွင်ဦး မှ လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဖြည့်ဆည်းဆောင်ရွက်ပေးခြင်းများ ဆောင်ရွက်ခဲ့ပါကြောင်း သိရှိရသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံး