လွိုင်လင် ဇန်နဝါရီ-၄
(၇၈)နှစ်မြောက် လွတ်လပ်ရေးနေ့ အလံတင်အခမ်းအနားကို ဇန်နဝါရီလ(၄)ရက် နံနက် (၄) နာရီ(၂၀)မိနစ် တွင်၊ လွိုင်လင်ခရိုင် ဘက်စုံသုံးအားကစားခန်းမ၌ ကျင်းပပြုလုပ်သည့် လွိုင်လင်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် အဖွဲ့ဝင်များ၊ လွိုင်လင်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ နှင့် အဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ်အဆင့်ဌာနဆိုင်ရာအကြီးအကဲများ စုစုပေါင်းအင်အား ၁၀၅ဦး တက်ရောက်ခဲ့ပါကြောင်းတင်ပြအပ်ပါသည်။
ထို့နောက် နံနက် (၇)နာရီတွင် (၇၈)နှစ်မြောက်လွတ်လပ်ရေးနေ့ သ၀ဏ်လွှာဖတ်ပွဲအခမ်းအနားနှင့် ဆုပေးပွဲ အခမ်းအနားသို့ ခရိုင်/မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌနှင့်အဖွဲ့၀င်များ၊ ခရိုင်/မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ခရိုင်/မြို့နယ် အမျိုးသမီးရေးရာအဖွဲ့နှင့် မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း၊ လူမှုရေးအသင်းအဖွဲ့များ၊ တိုင်းရင်းသားစာပေနှင့်ယဥ်ကျေးမှုအဖွဲ့များ၊ ရပ်မိရပ်ဖများ၊ တက္ကသိုလ်နှင့် အခြေခံပညာကျောင်းများမှ ကျောင်းသား/သူများ၊ ဆုရကျောင်းသား/သူများ စုစုပေါင်းအင်အား (၄၆၀)ဦးခန့် တက်ရောက်ခဲ့ပါသည်။
၎င်းအခမ်းအနားတွင် တက်ရောက်လာသူများမှ နိုင်ငံတော်အလံအား အလေးပြုကြပြီး ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ ဦးကြည်မြင့် မှ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဌ နိုင်ငံတော်ဝန်ကြီးချုပ် သတိုးမဟာသရေစည်သူ သတိုးသီရိသုဓမ္မ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ထံမှ ပေးပို့သည့် (၇၈)နှစ်မြောက် လွတ်လပ်ရေးနေ့သ၀ဏ်လွှာကို ဖတ်ကြားခဲ့ပြီး အခြေခံပညာအဆင့် လွတ်လပ်ရေးနေ့အထိမ်းအမှတ် ကဗျာ၊ ပန်းချီ၊ စာစီစာကုံး၊ ကျပန်းစကားပြောပြိုင်ပွဲတွင် ဆုရရှိသူများအား ဆုအသီးသီးချီးမြှင့်ခဲ့ပါကြောင်း သိရှိရသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံး