တောင်ကြီး ဇန်နဝါရီ-၁၇
ရှမ်းပြည်နယ်(တောင်ပိုင်း)ကလောမြို့တွင်မာရသွန်ပြေးပွဲကျင်းနိုင်ရန်နှင့်ပတ်သက်၍ဇန်နဝါရီ(၁၇)ရက်မွန်းလွဲ(၂)နာရီကရှမ်းပြည်နယ်အစိုးရအဖွဲသို့လာရောက်ရှင်းလင်းခြင်းကိုတောင်ကြီးမြို့၊ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံးအစည်းအဝေးခန်းမ၌ကျင်းပသည်။
ဦးစွာMyanmar ULTRA TRAIL RUN Association(MUTRA)တာဝန်ရှိသူတစ်ဦးမှကလောမာရသွန်ပြေးပွဲအကြောင်းနှင့်ပတ်သက်၍ရှင်းလင်းတင်ပြပြီးတက်ရောက်လာသူများမှဆွေးနွေးတင်ပြကြပြီးပြည်နယ်ဝန်ကြီးချုပ်ဦးအောင်အောင်ကပြိုင်ပွဲကျင်းပရက်သည့်ရှမ်းပြည်နယ်နေ့နှင့်တိုက်ဆိုင်နေသဖြင့်ခရိုင်၊မြို့နယ်ဌာနဆိုင်ရာတာဝန်ရှ်သူများကိုတက်ရောက်စေမည်ဖြစ်ကြောင်း၊လိုအပ်သည်များရှိပါကသက်ဆိုင်ရာဌာနများနှင့်ပေါင်းစပ်ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်းဖြည့်စွက်ဆွေးနွေးပြောကြားသည်။
ထို့နောက်ပြည်နယ်ဝန်ကြီးချုပ်ကလမ်းညွှန်အမှာစကားပြောကြားရာတွင်လမ်းကြမ်းသွားသည်အားကစားသမားများပေါ်ထွက်ရေးနှင့်ကောင်းမွန်သောရည်ရွယ်ချက်ဖြင့်ပြီးမျိုးဆက်သစ်လူငယ်များပါဝင်လာအောင်အားကစားနှင့်ကာယပညာဦးစီးဌာနနှင့်ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးရန်၊ယခုလိုလာရောက်ရှင်းလင်းပေးသည့်အတွက်ကျေးဇူးတင်ရှိပါကြောင်း၊နိုင်ငံတော်အတွက်လည်းအကျိုးရှိပါကြောင်းပြော
ကြားသည်။
မာရသွန်လမ်းကြမ်းပြေးပွဲကျင်းပရခြင်ရည်ရွယ်ချက်မှာလမ်းကြမ်းအပြေးအားကစားတွင်မြန်မာနိုင်ငံကိုယ်စားပြုအမျိုးသားကစားသမားများပေါ်ထွက်လာရေး၊ပြည်တွင်း၊ပြည်ပခရီးသွားလုပ်ငန်းဖွံ့ဖြိုးမှုအရှိန်မြှင့်တင်ရေးနှင့်နိုက်ငံတကာမှခရီးသွားများအားမြန်မာနိုင်ငံ၏သဘာဝအလှတရားများကိုပြသ၍ခရီးသွားမှုမြင့်မားလာစေရေး၊ဒေသခံလုပ်ငန်းများနှင့်ပြည်သူများအလုပ်အကိုင်အခွင့်အလမ်းမြှင့်တင်ပေးနိုင်ရန်၊သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးအတွက်သစ်ပင်များပြန်လည်စိုက်ပျိုးနိုင်ရေးတို့ဖြစ်သည်။
အဆိုပါကလောမာရသွန်ပြေးပွဲကို၂၀၂၅ခုနှစ်ဖေဖေါ်ဝါရီလ(၇)ရက်နှင့်(၈)ရက်နေ့တွင်ကျင်းပမည်ဖြစ်ပြီးနံနက်(၅)နာရီတွင်ကလောမြို့မောဦးပန်းခြံ၊နာရီစင်မှတာလွှတ်ပေးသွားမည်ဖြစ်ကြောင်းသိရှိရသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့