တောင်ကြီး ဇန်နဝါရီ-၅
၂၀၂၅ခုနှစ်(၇၇)နှစ်မြောက် လွတ်လပ်ရေးနေ့ ဂုဏ်ပြုညစာစားပွဲကို ဇန်နဝါရီ (၄)ရက် ည(၆)နာရီခွဲက တောင်ကြီးမြို့၊ မြို့တော်ခန်းမ၌ကျင်းပသည်။
ဂုဏ်ပြုညစာစားပွဲတွင် ပအိုဝ်း၊ ရှမ်း၊ အင်း၊ ထနော့၊ တောင်ရိုး၊ ဓနု တိုင်းရင်းသားအက အဖွဲ့များမှ ကပြဖျော်ဖြေ တင်ဆက်ကြပြီး (၇၇)နှစ်မြောက်လွတ်လပ်ရေးနေ့အထိမ်းအမှတ် ရှမ်းပြည်နယ် တက္ကသိုလ်၊ ဒီဂရီကောလိပ်အဆင့်ဆောင်းပါးပြိုင်ပွဲတွင် ဆုရရှိသူများအားဆုချီးမြှင့်ရာ ပထမဆုရ တောင်ကြီးပညာရေး ဒီဂရီကောလိပ်မှ မအေးမြညိမ်း၊ ဒုတိယဆုရ တောင်ကြီးပညာရေး ဒီဂရီကောလိပ်မှ မရွန်းလဲ့ဝေ၊ တတိယဆုရ တောင်ကြီးတက္ကသိုလ် မဇင်ဝါဝါမြင့်၊ နှစ်သိမ့်ဆု(၁)ရ ကျိုင်းတုံပညာရေးကောလိပ်မှ မနန်းကလျာဦး၊ နှစ်သိမ့်ဆု(၂)ရတောင်ကြီးပညာရေး ဒီဂရီကောလိပ်မှ မခင်ပြည့်ပြည့်အေး တို့ကို အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်ဇော်မင်းလတ်က ဆုများ ချီးမြှင့် ပေး၍ လည်းကောင်း၊ ကဗျာပြိုင်ပွဲတွင်ပထမဆုရ မောင်ဇင်မင်းထွဋ်၊ ဒုတိယဆုရ မပန်းဖြူအေး တောင်ကြီးပညာရေး ဒီဂရီကောလိပ်၊ တတိယဆုရ မောင်ဝေဖြိုးအောင် ကျိုင်းတုံတက္ကသိုလ်၊ နှစ်သိမ့်ဆု(၁)ရ မသဲဆုဝေ နည်းပညာတက္ကသိုလ်၊ နှစ်သိမ့်ဆု(၂)ရ မအေးယုငြိမ်း တောင်ကြီးပညာရေးကောဒီဂရီကောလိပ် နှင့် တိုင်းရင်းသားအကအဖွဲ့(၆)ဖွဲ့ကို တစ်ဖွဲ့လျှင်(၅)သိန်းကျပ်ဖြင့် စုစုပေါင်းကျပ်သိန်း(၃၀)အား ဂုဏ်ပြုပေးအပ်ခြင်း၊ တိုင်းရင်းသား ကိုယ်စားလှယ်များကို ဂုဏ်ပြုပန်းခြင်း ပေးအပ်ခြင်းတို့ကို ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင် နှင့် ဇနီးတို့က ချီးမြှင့်ပေးကြကြောင်း သိရှိရသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့