တောင်ကြီး ဇန်နဝါရီ-၄
(၇၇)နှစ်မြောက်လွတ်လပ်ရေးနေ့ အလံတင်အခမ်းအနားကို ဇန်နဝါရီလ(၄)ရက်၊ နံနက်(၄)နာရီ၊ မိနစ်(၂၀)က တောင်ကြီးမြို့အဝေရာမီးပုံးပျံကွင်း၌ ကျင်းပရာ ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော်အလံအား တိုင်အပြည့်လွှင့်ထူပေးပြီးနောက် ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ် အဆင့်ဌာနဆိုင်ရာများ တိုင်းရင်းသား စာပေယဥ်ကျေးမှုအဖွဲ့များမှ နိုင်ငံတော်အလံအား အလေးပြုကြသည်။
အဆိုပါအခမ်းအနားသို့ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ် အဆင့်ဌာနဆိုင်ရာများ၊ နယ်မြေခံတပ်မတော်သားများနှင့် ရဲတပ်ဖွဲ့ဝင်များ၊ တိုင်းရင်းသား စာပေယဥ်ကျေးမှု အဖွဲ့များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
ဆက်လက်၍ သဝဏ်လွှာဖတ်ကြားခြင်းအခမ်းအနားကို နံနက်(၇)နာရီက တောင်ကြီးမြို့ အဝေရာ မီးပုံးပျံကွင်း၌ ကျင်းပရာစစ်ရေးပြတပ်ခွဲမှ စစ်ကြောင်းများဖြင့် ချီတက်နေရာယူပြီး ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်ဦးအောင်အောင်အား အလေးပြု၍ အခမ်းအနား တက်ရောက်လာကြသော ပြည်နယ် ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်အလံအား အလေးပြုကြရာ ဂုဏ်ပြုစစ်တီးဝိုင်းအဖွဲ့မှ နိုင်ငံတော်သီချင်းကို တီးမှုတ်ဂုဏ်ပြုပြီး ကျဆုံးလေပြီးသော ခေါင်းဆောင်ကြီးများ နှင့် တပ်မတော်သားများအား အလေးပြုကာ ဂုဏ်ပြုစစ်ကြောင်းမှ သစ္စာအဓိဌာန်(၄)ချက်ရွတ်ဆိုကြသည်။
ထို့နောက် ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်က နိုင်ငံတော်စီမံ အုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ၊ သတိုးသီရိ သုဓမ္မမင်းအောင်လှိုင်ထံမှ ပေးပို့သော (၇၇)နှစ်မြောက် လွတ်လပ်ရေးနေ့သဝဏ်လွှာအား ဖတ်ကြား၍ အခမ်းအနားကိုအောင်မြင်စွာ ရုပ်သိမ်းလိုက်ကြောင်းသိရသည်။
အဆိုပါ (၇၇)နှစ်မြောက်လွတ်လပ်ရေးနေ့အခမ်းအနားသို့ ပြည်နယ်ဝန်ကြီးချုပ်နှင့်ဇနီး၊ အရှေ့ပိုင်း တိုင်းစစ်ဌာနချုပ် တိုင်းမှူးနှင့်ဇနီး၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ် ဝန်ကြီးများနှင့် ဇနီးများ၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်အစိုးရအဖွဲ့အတွင်းရေးမှူးနှင့်ဇနီး၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ တိုင်းရင်းသားစာပေ ယဥ်ကျေးမှုအဖွဲ့များ၊ ပညာရေး ကောလိပ်မှ ဆရာ၊ ဆရာမများ၊ သူနာပြုသင်တန်းကျောင်းမှ သင်တန်းသူများ၊ စစ်ရေးပြတပ်ဖွဲ့များနှင့် ဂုဏ်ပြုစစ်တီးဝိုင်းများ၊ ဒေသခံတိုင်းရင်းသားပြည်သူများ တက်ရောက်ကြကြောင်းသိရသည်။
ထို့နောက် (၇၇)နှစ်မြောက်လွတ်လပ်ရေးနေ့ အထိမ်းအမှတ် ပျော်ပွဲရွှင်ပွဲအားကစားပွဲများကို ပြည်နယ်အားကစားကွင်း၌ကျင်းပရာ မြန်မာသိုင်းပြိုင်ပွဲ၊ အခြေခံပညာကျောင်းပေါင်းစုံ ဘင်ရာပြိုင်ပွဲများ၊ မြန်မာသိုင်းပြိုင်ပွဲ၊ ဘတ်စက်ဘော၊ ချောတိုင်တက်၊ ဘောလုံးဂိုးကျဥ်းသွင်း၊ သံပုံးရိုက်၊ ခြေသုံးချောင်း ထောက်၊ ပူစီဖေါင်းဖောက်၊ အမျိုးသား၊ အမျိုးသမီးလွန်ကြိုးဆွဲပြိုင်ပွဲ၊ မသန်စွမ်းပြိုင်ပွဲ၊ အပ်နားဖာထိုး၊ ခေါင်းအုံးရိုက်၊ အာလူးကောက်၊ မုန့်စားပြိုင်ပွဲ၊ စကောရွက် မီတာ(၁၀၀)၊ (၄၀၀)ပြိုင်ပွဲ ပါဝင်ယှဥ်ပြိုင်ကြပြီး အားကစားယှဥ်ပြိုင်နေမှုကို ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများနှင့် တာဝန်ရှိသူများက လှည့်လည် ကြည့်ရှုအားပေးကြ၍ မြန်မာသိုင်းပြိုင်ပွဲတွင် နှစ်သိမ့်ဆု၊ တတိယ၊ ဒုတိယ၊ ပထမဆုရရှိသော ကျောင်းများကို ပြည်နယ်ဝန်ကြီးများနှင့် ပြည်နယ်ဝန်ကြီးချုပ်တို့က ဆုများချီးမြှင့်ပေးကြပြီး ဘင်ခရာပြိုင်ပွဲတွင် နှစ်သိမ့်ဆု ရှိသည့် ကျောင်းများနှင့် အားကစားပြိုင်ပွဲတွင် ဆုရရှိသူများကို ရှမ်းပြည်နယ်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ၊ ပြည်နယ်အစိုးရအဖွဲ့အတွင်းရေးမှူး၊ ပြည်နယ်ဝန်ကြီးများက ချီးမြှင့်၍လည်းကောင်း၊ ချောတိုင်တက်ပွဲတွင် တတိယ၊ ဒုတိယ၊ ပထမနှင့်ဘင်ခရာပြိုင်ပွဲတွင် တတိယ၊ ဒုတိယ၊ ပထမဆုရသည့် ကျောင်းများကို ပြည်နယ်ဝန်ကြီးချုပ်ဦးအောင်အောင်က ဆုများချီးမြှင့် ပေးကြကြောင်းသိရသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့