ဟိုပုံး ဒီဇင်ဘာ-၂၃
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ် ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့ရှိ တပ်မတော် ကွန်ပျူတာနှင့်နည်းပညာသိပ္ပံကျောင်း၊ ဘုရင့်နောင်ခန်းမ၌ ယနေ့ နံနက်(၇) နာရီခွဲက ပြည်သူ့ စစ်မှုထမ်းသင်တန်း အမှတ်စဥ်(၈/၂၀၂၄)ဖွင့်ပွဲကျင်းပရာ ရှမ်းပြည်နယ်ဝန်ကြီးချုပ်ဦးအောင်အောင်၊ တပ်မတော်ကွန်ပျူတာနှင့်နည်းပညာသိပ္ပံကျောင်းမှကျောင်းအုပ်ကြီး ဗိုလ်မှူးချုပ်သိန်းနိုင်၊ ပြည်နယ် လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး၊ ပြည်နယ်စီးပွားရေးရာဝန်ကြီး၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသစီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် စစ်ဘက်နယ်ဘက်အရာရှိကြီးများ၊ ဌာဆိုင်ရာများ၊ စစ်မှု ထမ်းဟောင်းအဖွဲ့ဝင်များ၊ တာဝန်ရှိသူတို့တက်ရောက်ကြောင်း သိရသည်။
ရှေးဦးစွာ ပြည်သူ့စစ်မှုထမ်းသင်တန်းသားများက တပ်မတော်ကွန်ပျူတာနှင့်နည်းပညာသိပ္ပံ ကျောင်းမှ ကျောင်းအုပ်ကြီးနှင့် နိုင်ငံတော်အလေးပြုကြပြီး၊ တပ်မတော်ကွန်ပျူတာနှင့်နည်းပညာ သိပ္ပံကျောင်း၊ ကျောင်းအုပ်ကြီးဗိုလ်မှူးချုပ်သိန်းနိုင်ကအဖွင့်မိန့်ခွန်းပြောကြားသည်။
ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်ဦးအောင်အောင်က တပ်မတော်ဖွဲ့စည်းရခြင်းသည် မိမိနိုင်ငံ၏ မြေပြင်၊ ဝေဟင်၊ ရေပြင်ကို ကာကွယ်စောင့်ရှောက်ရန်ဖြစ်ကြောင်း၊ နိုင်ငံတစ်နိုင်ငံ ကာကွယ်ရေးအတွက် နိုင်ငံသားတိုင်းစစ်မှုထမ်းရန် ဥပဒေပြဋ္ဌာန်းမှုများရှိပါကြောင်း၊ လူငယ်တိုင်း သည် အသက်(၁၈)နှစ်မှစ၍ စစ်မှုထမ်းရန်ဥပဒေများ ပြဋ္ဌာန်းထားပါကြောင်း၊ ပြည်သူ့စစ်မှု ထမ်းဆောင်မည့် တပ်မတော်သားများအနေဖြင့် နိုင်ငံ့သားကောင်းများ ပေါ်ထွက်လာမည် ဖြစ်ကြောင်း ပြောကြားသည်။
ထို့နောက် ရှမ်းပြည်နယ်အစိုးရအဖွဲ့က ပြည်သူ့စစ်မှုထမ်းသင်တန်း အမှတ်စဥ် (၈/၂၀၂၄) သင်တန်းအတွက် ချီးမြှင့်ငွေများကို ပြည်နယ်ဝန်ကြီးချုပ်ကပေးအပ်ရာ တပ်မတော်ကွန်ပျူတာနှင့် နည်းပညာသိပ္ပံကျောင်း၊ ကျောင်းအုပ်ကြီးမှလက်ခံယူပြီး၊ ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိ သူများသည် ပြည်သူ့စစ်မှုထမ်းသင်တန်းသားများအား ရင်းရင်းနှီးနှီးလိုက်လံနှုတ်ဆက်ကြသည်။ အဆိုပါ ပြည်သူ့စစ်မှုထမ်းသင်၀ာန်းအမှတ်စဥ်(၈/၂၀၂၄)အား သင်တန်းသား(၃၆၅)ဦး တက်ရောက်ကြောင်းသိရှိရသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့