တောင်ကြီး ဒီဇင်ဘာ-၂၁
တစ်မျိုးသားလုံးကျန်းမာကြံ့ခိုင်ရေးအတွက် ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလတတိယအပတ် လူထုစုပေါင်းလမ်းလျှောက်ပွဲကို ဒီဇင်ဘာလ(၂၁)ရက်၊ နံနက်(၅)နာရီခွဲက တောင်ကြီးမြို့၊ မြို့မဈေးကြီးရှေ့တွင် စုရပ်နေရာယူပြီး ရှမ်းပြည်နယ်ဝန်ကြီးချုပ်ဦးအောင်အောင်ကတာလွှတ်ပေး၍ ဗိုလ်ချုပ်အောင်ဆန်းလမ်းအတိုင်း လျှောက်လာကြပြီး ရှမ်းပြည်နယ်လွှတ်တော်ရုံးရှေ့ကွေ့၍ ရုံးကြီးလမ်းဟောင်းအတိုင်းလျှောက်ကာ ပြည်နယ်အားကစားကွင်း၌ သွေးပူအကြောဖြေ လေ့ကျင့်ခန်းဆောင်ရွက်ပြီး ကိုယ်လက်လေ့ကျင့်ခန်း အတွဲ(၁)၊ အမှတ်(၂) ပြုလုပ်ကြ၍ အကြောဖြေလေ့ကျင့်ခန်းများအဖြစ် ဆောင်ရွက်ကြသည်။
ဒီဇင်ဘာလူထုစုပေါင်းလမ်းလျှောက်ပွဲတွင် ရှမ်းပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်တရား လွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်ဥပေဒချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူး၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ တောင်ကြီးပညာရေးဒီဂရီကောလိပ် မှ ဆရာ၊ ဆရာမများ၊ သူနာပြုသင်တန်းကျောင်းမှ သင်တန်းသူများ၊ ဒေသခံပြည်သူများ၊ ကျောင်းသား၊ ကျောင်းသူများ တစ်ပျော်တစ်ပါးအင်အား (၁၄၀၇၅)ခန့် ပါဝင်လမ်းလျှောက် ကြကြောင်းသိရသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် တောင်ကြီးမြို့ပေါ်ရှိ အခြေခံပညာ အထက်တန်းကျောင်းမှ ကျောင်းသား၊ ကျောင်းသူလေးများ ဘင်ခရာတပ်ဖွဲ့ပါဝင်ယှဥ်ပြိုင်နေမှုနှင့် အလယ်တန်းအဆင့်ပန်းပွားအက ပါဝင်ယှဥ်ပြိုင်နေမှုကို ကြည့်ရှုအားပေးကြသည်။ အဆိုပါ လမ်းလျှောက်ပွဲသို့ တက်ရောက်လာကြသူများသည် ကြက်တောင်ရိုက်ကစားခြင်း၊ ဘော်လီဘော ကစားခြင်း၊ ဘောလုံးကစားခြင်း၊ ခြင်းလုံးစုပေါင်းဝိုင်းဖွဲ့ကစားကြကြောင်း သိရသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့