တာချီလိတ် ဒီဇင်ဘာ-၁၅
တာချီလိတ်-မိုင်းဆတ်ကားလမ်းဘေး တာချီလိတ်မြို့၊ တိုးချဲ့မြေကွက်အပိုင်း ( ဈ ) အနီးရှိ မြေဧရိယာ ( ၇.၀၀ ) ဧကရှိမြေနေရာအား သက်သေခံပစ္စည်းများ ပျောက်ဆုံးမှုမရှိစေရေးနှင့် သက်သေခံပစ္စည်းများထားရှိ နိုင်ရေးအတွက် ခွင့်ပြုချထားပေးပါရန် မြေနေရာလျှောက်ထားမှုနှင့်ပတ်သက်၍ အဆိုပါမြေနေရာသို့ ဒီဇင်ဘာ ( ၁၅ ) ရက်နေ့၊ ညနေ( ၃ ) နာရီခွဲတွင် ပြည်နယ်အစိုးရအုပ်ချုပ်ရေးအဖွဲ့ခွဲ ( ရှမ်းအရှေ့ ) ဥက္ကဌ၊ ဦးဇော်လွင်ဦး သည် ကွင်းဆင်းစိစစ်ရေးအဖွဲ့ အဖွဲ့ခေါင်းဆောင်အနေဖြင့် အဖွဲ့ဝင်များ၊ တာဝန်ရှိသူများဖြင့် မြေပြင်ကွင်းဆင်းသွားရောက်ကြည့်ရှု့စစ်ဆေးခဲ့ပြီး သက်ဆိုင်ရာတာဝန်ရှိသူများမှ ရှင်းလင်းတင်ပြမှုများအပေါ် လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့ပါကြောင်း သိရှိရသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့