ကျိုင်းတုံ ဒီဇင်ဘာ-၁၃
ကျိုင်းတုံမြို့၊ ကျိုင်းတုံ – လွယ်မွေ လမ်း ၁၇ km – ၃၁.၂ km အတွင်း လမ်းပိုင်းအဆင့်မြှင့်တင်ခြင်း လုပ်ငန်း ဆောင်ရွက်နေမှုနေရာသို့ ဒီဇင်ဘာလ(၁၃)ရက်၊ နံနက်( ၁၀ ) နာရီတွင် ပြည်နယ်အစိုးရအုပ်ချုပ်ရေးအဖွဲ့ခွဲ (ရှမ်းအရှေ့) ဥက္ကဌ၊ ဦးဇော်လွင်ဦးသည် ပြည်နယ်အစိုးရ အုပ်ချုပ်ရေးအဖွဲ့ခွဲ ( ရှမ်းအရှေ့ )၊ အဖွဲ့ဝင် (၃)၊ သက်ဆိုင်ရာဌာနများမှ တာဝန်ရှိသူများဖြင့် မြေပြင်ကွင်းဆင်းသွားရောက် ကြည့်ရှု့စစ်ဆေးခဲ့ရာ စက်ယန္တရားများ၊ လူအင်အားများဖြင့် ဆောင်ရွက်နေခဲ့ကြပြီး ပြည်နယ်လမ်းဦးစီးဌာန ( ကျိုင်းတုံ )ရုံးမှ ညွှန်ကြားရေးမှူးမှ လုပ်ငန်းဆောင်ရွက်နေမှု အခြေအနေများအား ရှင်းလင်းတင်ပြခဲ့ရာ ပြည်နယ်အစိုးရအုပ်ချုပ်ရေးအဖွဲ့ခွဲ ( ရှမ်းအရှေ့ ) ဥက္ကဌ၊ ဦးဇော်လွင်ဦး မှ ရှင်းလင်းတင်ပြမှုများအပေါ် လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့ပါကြောင်း သိရှိရသည်။
ထို့နောက် ကျိုင်းတုံမြို့၊ လွယ်မွေအုပ်စု၊ လွယ်မွေရေကန်တွင် လွယ်မွေတံတား ( လူကူး၊ သံကူကွန်ကရစ် ) လုပ်ငန်းဆောင်ရွက်နေမှုနှင့် လွယ်မွေကန်ပတ်လည် ချယ်ရီပင်များ စိုက်ပျိုးထားရှိသောနေရာများအား ပြည်နယ်အစိုးရ အုပ်ချုပ်ရေးအဖွဲ့ခွဲ ( ရှမ်းအရှေ့ ) ဥက္ကဌ၊ ဦးဇော်လွင်ဦး သည် ပြည်နယ်အစိုးရအုပ်ချုပ်ရေးအဖွဲ့ခွဲ ( ရှမ်းအရှေ့ )၊ အဖွဲ့ဝင်( ၃ )၊ သက်ဆိုရာဌာနများမှ တာဝန်ရှိသူများဖြင့် မြေပြင် ကွင်းဆင်း သွားရောက်ကြည့်ရှု့စစ်ဆေးခဲ့ရာ နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးမှ တံတားလုပ်ငန်းဆောင်ရွက်ချက် များအား ရှင်းလင်းတင်ပြခဲ့ပြီး သစ်တောဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးမှလည်း ကျိုင်းတုံ – လွယ်မွေအတက်လမ်း၊ လွယ်မွေကန်ပတ်လည်နှင့် ( ၂၁ ) မိုင်အဆင်းလမ်း လမ်းဘေးဝဲ/ ယာ ချယ်ရီပင်စိုက်ပျိုးခဲ့သည့် လုပ်ငန်းများအား ရှင်းလင်းတင်ပြခဲ့ကြသည်။
၎င်းနောက်ပြည်နယ်အစိုးရအုပ်ချုပ်ရေးအဖွဲ့ခွဲ ( ရှမ်းအရှေ့ ) ဥက္ကဌ၊ ဦးဇော်လွင်ဦး သည် တံတားဆောက်လုပ် နေသည့်နေရာနှင့် ကန်ပတ်လည်တွင် ချယ်ရီပင် စိုက်ပျိုးထားရှိသောနေရာများအား ကြည့်ရှုစစ်ဆေးခဲ့ပြီး လိုအပ် သည်များ ပေါင်းစပ်ညှိနှိုင်း ဖြည့်ဆည်း ဆောင်ရွက်ပေးခြင်းများ ပြုလုပ်ခဲ့ပါကြောင်း သိရှိရသည်။
ဆက်လက်၍ ကျိုင်းတုံမြို့၊ လွယ်မွေအုပ်စု၊ ပန်ကွဲမှလွယ်မွေလမ်း ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်း လမ်းအတိုင်းအတာ(၃/ ၄)မိုင် ဆောင်ရွက် နေမှုနေရာသို့ ပြည်နယ်အစိုးရအုပ်ချုပ်ရေးအဖွဲ့ခွဲ ( ရှမ်းအရှေ့ ) ဥက္ကဌ၊ ဦးဇော်လွင်ဦး သည် ပြည်နယ်အစိုးရအုပ်ချုပ်ရေးအဖွဲ့ခွဲ ( ရှမ်းအရှေ့ )၊ အဖွဲ့ဝင်(၃)၊ သက်ဆိုရာဌာနများမှ တာဝန်ရှိသူ များဖြင့် မြေပြင်ကွင်းဆင်းသွားရောက်ကြည့်ရှု့စစ်ဆေးခဲ့ရာ ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန ( ကျိုင်းတုံ )ရုံးမှ ညွှန်ကြားရေးမှူးမှလုပ်ငန်းဆောင်ရွက်နေမှုအခြေအနေများအား ရှင်းလင်းတင်ပြခဲ့ပြီး ပြည်နယ်အစိုးရအုပ်ချုပ်ရေးအဖွဲ့ခွဲ ( ရှမ်းအရှေ့ ) ဥက္ကဌ၊ ဦးဇော်လွင်ဦးသည် ရှင်းလင်းတင်ပြမှုများအပေါ် လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့ပါကြောင်း သိရှိရသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့