ကျိုင်းတုံ ဒီဇင်ဘာ-၁၂
ပြည်နယ်အစိုးရအုပ်ချုပ်ရေးအဖွဲ့ခွဲ ( ရှမ်းအရှေ့ ) ရုံး၊ အစည်းအဝေးခန်းမ၌ ဒီဇင်ဘာလ( ၁၂ ) ရက် နေ့လည်( ၁ ) နာရီတွင် ရှမ်းပြည်နယ်( အရှေ့ပိုင်း )၊ စိုက်ပျိုးမွေးမြူရေးလုပ်ငန်း ကြီးကြပ်မှုကော်မတီအစည်းအဝေး ကျင်းပပြုလုပ်ခဲ့ရာ ၎င်းအစည်းအဝေးသို့ ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ စိုက်ပျိုးမွေးမြူရေးလုပ်ငန်းကြီးကြပ်မှုကော်မတီ၊ ဥက္ကဋ္ဌ၊ ပြည်နယ်အစိုးရအုပ်ချုပ်ရေးအဖွဲ့ခွဲ ( ရှမ်းအရှေ့ )၊ ဥက္ကဋ္ဌ၊ ဦးဇော်လွင်ဦး သည် ပြည်နယ်အစိုးရအုပ်ချုပ်ရေးအဖွဲ့ခွဲ ( ရှမ်းအရှေ့ )၊ အဖွဲ့(၁)၊ သက်ဆိုင်ရာဌာနများမှ တာဝန်ရှိသူများနှင့်အတူ တက်ရောက်ခဲ့ပြီး အစည်းအဝေးတွင် ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ စိုက်ပျိုးမွေးမြူရေးလုပ်ငန်းကြီးကြပ်မှုကော်မတီ၊ ဥက္ကဋ္ဌ၊ ပြည်နယ်အစိုးရ အုပ်ချုပ်ရေးအဖွဲ့ခွဲ ( ရှမ်းအရှေ့ )၊ ဥက္ကဋ္ဌ၊ ဦးဇော်လွင်ဦး မှ အဖွင့်အမှာစကား ပြောကြားခြင်း၊ အစည်းအဝေးတက်ရောက်သော ကော်မတီဝင်များမှ ဆွေးနွေးတင်ပြခြင်း၊ အထေွထွေဆွေးနွေးခြင်း အစီအစဉ်တွင် ကော်မတီဝင်များမှ ဖြည့်စွက်ဆွေးနွေးတင်ပြခြင်း၊ ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ စိုက်ပျိုးမွေးမြူရေးလုပ်ငန်းကြီးကြပ်မှုကော်မတီ၊ ဥက္ကဋ္ဌ၊ ပြည်နယ်အစိုးရအုပ်ချုပ်ရေးအဖွဲ့ခွဲ ( ရှမ်းအရှေ့ )၊ ဥက္ကဋ္ဌ၊ ဦးဇော်လွင်ဦး မှ ဆွေးနွေးတင်ပြချက်များအပေါ် လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဖြည့်ဆည်း ဆောင်ရွက်ပေးခြင်းများပြုလုပ်ခဲ့ကြောင်း သိရှိရသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့