မိုင်းဆတ် ဒီဇင်ဘာ၁၁
မိုင်းဆတ်ခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့် လုပ်ငန်းကော်တီမှ တာဝန်သူများနှင့်လုပ်ငန်းညှိနှိုင်းအစည်း အဝေးကို ဒီဇင်ဘာလ(၁၁) ရက် နံနက်(၁၀)တွင် ကျင်းပပြုလုပ်ရာ ခရိုင် စီမံအုပ် ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ ၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးညီညီထွေးနှင့် အဖွဲ့ဝင် များ ခရိုင်/မြိုနယ်ဌာနဆိုင်ရာများတက်ရောက်ခဲ့ကြပါသည်။ အစည်းအဝေးတွင် ခရိုင်စီမံအုပ် ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ၊ခရိုင်အုပ်ချုပ်ရေးမှူး ဦးညီညီထွေးမှ (၄.၁.၂၀၂၅) ရက်နေ့တွင်ကျရောက်မည့် ၂၀၂၅ ခုနှစ် (၇၇) နှစ်မြောက် လွတ်လပ်ရေးနေ့ တွင် နိုင်ငံတော် အလံတင်အခမ်းအနား၊နိုင်ငံတော်အလံ အလေးပြုအခမ်းအနားနှင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်က ပေးပို့သည့် လွတ်လပ်ရေးနေ့သဝဏ်လွှာ ဖတ်ကြားခြင်း အခမ်းအနားများအား ညွှန်ကြားချက်များနှင့်အညီ အောင်မြင်စွာကျင်းပနိုင်ရေး ကော်မတီများ အသီးသီးဖွဲ့ စည်းတာဝန်ပေးထားပြီး ဖြစ်သဖြင့် သက်ဆိုင်ရာလုပ်ငန်းကော်မတီ အလိုက် ကြိုတင်ပြင်ဆင်ဆောင်ရွက်ကြရန် မှာကြားဆောင်ရွက်ခဲ့ပြီး ကော်မတီအလိုက် တင်ပြချက်များအား ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ပါကြောင်း သိရှိရသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့