ကျိုင်းတုံ ဒီဇင်ဘာ-၁၁
ကျိုင်းတုံမြို့၊ လွိုင်မွေအုပ်စု၊ ပန်ကွဲတောင်ရှိ၊ ဗုဒ္ဓဥယျာဉ်၌ ဆရာတော် ဘဒ္ဒန္တကောဝိဒ ( အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ ) ( ဝစီပိတ်ဆရာတော်) ဦးဆောင်၍ တည်ထားကိုးကွယ်မည့် ” လောကသရဖူ ” စေတီတော်မြေနေရာ မြေသန့်ပန္နက်တင် မင်္ဂလာပွဲအခမ်းအနား ကျင်းပပြုလုပ်ခဲ့ရာ မင်္ဂလာပွဲအခမ်းအနားကို ဒီဇင်ဘာလ( ၁၁ ) ရက်၊ နံနက်( ၉ ) နာရီခွဲတွင် ပြည်နယ်အစိုးရအုပ်ချုပ်ရေးအဖွဲ့ခွဲ (ရှမ်းအရှေ့)၊ ဥက္ကဌ၊ ဦးဇော်လွင်ဦးနှင့် ဇနီး ဒေါ်သီတာကြိုင်တို့သည် နိုင်ငံတော် ဩဝါဒါစရိယ၊ လွိင်လင်မြို့၊ သာသနဝိပုလဓါတ်တော်ကျောင်းတိုက် ဆရာတော် ဒေါက်တာဘဒ္ဒန္တနန္ဒ၊ သီလဓမ္မကုန်းသာတောရ ကျောင်းတိုက်ဆရာတော် ပဓာနနာယကဆရာတော် ဘဒ္ဒန္တကောဝိဒ ( ဝစီပိတ်ဆရာတော် ) တို့ ဦးဆောင်သော ပင့်သံဃာတော် ( ၁၈ ) ပါး၊ တြိဂံဒေသတိုင်းစစ်ဌာနချုပ်၊ တိုင်းမှူး၏ဇနီးနှင့် စစ်ဘက် အရာရှိကြီးများ၏ ဇနီးများ၊ တြိဂံဒေသတိုင်းစစ်ဌာနချုပ်၊ ဒုတိယတိုင်းမှူးနှင့် စစ်ဘက်အရာရှိကြီးများ၊ ပြည်နယ်အစိုးရအုပ်ချုပ်ရေးအဖွဲ့ခွဲ( ရှမ်းအရှေ့ )၊ အတွင်းရေးမှူး၊ ပြည်နယ်/ ခရိုင်/ မြို့နယ်အဆင့်ဌာန ဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များ၊ ဖိတ်ကြားထားသူများ၊ ဒေသခံပြည်သူများနှင့်အတူတက်ရောက်ခဲ့ပြီး အခမ်းအနားတွင် နတ်ဒေဝါများပင့်ဖိတ်ခြင်း၊ နမောတဿသုံးကြိမ်ရွတ်ဆိုဘုရားကန်တော့ပြီးနောက် နိုင်ငံတော် ဩဝါဒါစရိယ၊ လွိင်လင်မြို့၊ သာသနဝိပုလဓါတ်တော် ကျောင်းတိုက် ဆရာတော် ဒေါက်တာ ဘဒ္ဒန္တပညာနန္ဒ ထံမှ ငါးပါးသီလခံယူခြင်း၊ အန္တရာယ်အမျိုးမျိုးကင်းဝေးစေရန်နှင့် မင်္ဂလာအပေါင်းနှင့် ပြည့်စုံရန် သံဃာတော်များမှ ပရိတ်ရွတ်ဖတ်ပူဇော်ခြင်း၊ နိုင်ငံတော် ဩဝါဒါစရိယ၊ လွိင်လင်မြို့၊ သာသနဝိပုလဓါတ်တော်ကျောင်းတိုက် ဆရာတော် ဒေါက်တာဘဒ္ဒန္တနန္ဒ ဦးဆောင်၍ မြေနုတ်ကမ္မဝါ ရွတ်ဖတ်ခြင်း၊ ဆရာတော်များထံသို့ လှူဖွယ်ဝတ္တုပစ္စည်းများ ဆက်ကပ်လှူဒါန်းခြင်း၊ တောင်တန်းသနာပြု ဆရာတော် ဦးသုခမိန္ဒထံမှ ဩဝါဒတရားနာယူခြင်းနှင့် ရေစက်ချအမျှပေးဝေခြင်း၊ ဗုဒ္ဓသာသနံ စိရံတိဌတု ( ၃ ) ကြိမ်ရွတ်ဆိုရွတ်ခဲ့ပြီး အခမ်းအနား အောင်မြင်စွာပြီးမြောက်ခဲ့ပါကြောင်း သိရှိရသည်။
ထို့နောက် ကျိုင်းတုံမြို့၊ အမှတ်( ၃ )ရပ်ကွက်၊ ပြည်နယ် ဒုတိယအထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ( ကျိုင်းတုံ ) ရုံးဝန်းအတွင်း၌ ဒီဇင်ဘာလ( ၁၁ ) ရက် နေ့လည် ( ၂ ) နာရီခွဲတွင် ပြည်နယ်အစိုးရအုပ်ချုပ်ရေးအဖွဲ့ခွဲ ( ရှမ်းအရှေ့ )၊ ဥက္ကဌ၏ ကြီးကြပ်မှုဖြင့် ကျိုင်းတုံခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန( ကျိုင်းတုံ )ရုံးနှင့် မွေးမြူရေးလုပ်ငန်းရှင်များအဖွဲ့တို့ ပူးပေါင်းရောင်းချသော သက်သာ ချောင်ချိရေးအတွက် “ကြက်ဥဈေးရောင်းပွဲ” ကျင်းပပြုလုပ်ခဲ့ရာ ဈေးရောင်းပွဲသို့ ဌာနဆိုင်ရာဝန်ထမ်းများ၊ ပြည်သူများမှ လာရောက်ဝယ်ယူအားပေးခဲ့ကြပြီး အဆိုပါ ဈေးရောင်းပွဲသို့ ပြည်နယ်အစိုးရအုပ်ချုပ်ရေး အဖွဲ့ခွဲ(ရှမ်းအရှေ့)၊ ဥက္ကဌ၊ ဦးဇော်လွင်ဦးသည် သွားရောက်ကြည့်ရှု ဝယ်ယူအားပေးခဲ့ပါကြောင်း သိရှိရသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့