တောင်ကြီး ဒီဇင်ဘာ-၁၆
ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ်ဦးအောင်အောင်၊ ပြည်နယ်လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးစိန်ဝင်း၊ ပြည်နယ်အစိုးရအဖွဲ့အတွင်းရေးမှူး ဦးကျော်ကျော်ထွန်း၊ ရှမ်းပြည်နယ်လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူး၊ ရှမ်းပြည်နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့အတွင်းရေးမှူး ဦးဇော်မြင့်ဝင်းနှင့်အတူ ဒီဇင်ဘာလ(၁၆)ရက်၊ နံနက်(၉)နာရီခွဲက တောင်ကြီးမြို့၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံး ဧည့်ခန်းမ၌ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးသန်းစိုးနှင့် ဦးမြင့်ဦးတို့မှ လာရောက်တွေ့ဆုံကြောင်းသိရသည်။
ထိုသို့တွေ့ဆုံရာတွင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးသန်းစိုးက ၂၀၂၅ ခုနှစ် ရွေးကောက်ပွဲကျင်းပနိုင်ရေးအတွက် မဲစာရင်းများမှန်ကန်စေရေး စိစစ်ဆောင်ရွက်နေမှုအခြေအနေ နှင့် ရွေးကောက်ပွဲများကျင်းပနိုင်ရေးအတွက် ပြင်ဆင်နေမှုများကို ဆွေးနွေးသွားပြီး ပြည်နယ်ဝန်ကြီးချုပ်ဦးအောင်အောင်က နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ညွှန်ကြားချက် အတိုင်း အောင်မြင်အောင်ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ဆွေးနွေးပြောကြားသည်။

ရှမ်းပြည်နယ်အစိုးရအဖွဲ့