တောင်ကြီး ဒီဇင်ဘာ-၁၄
တစ်မျိုးသားလုံးကျန်းမာကြံ့ခိုင်ရေးအတွက် ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလဒုတိယအပတ် လူထုစုပေါင်းလမ်းလျှောက်ပွဲနှင့် အားကစားပြိုင်ပွဲကို ဒီဇင်ဘာလ(၁၄)ရက်၊ နံနက်(၅)နာရီခွဲက တောင်ကြီးမြို့၊ မြို့မဈေးကြီးရှေ့တွင် စုရပ်နေရာယူပြီး ရှမ်းပြည်နယ်ဝန်ကြီးချုပ်ဦးအောင်အောင်က တာလွှတ်ပေး၍ ဗိုလ်ချုပ်အောင်ဆန်းလမ်းအတိုင်း လျှောက်လာကြပြီး ရှမ်းပြည်နယ်လွှတ်တော် ရုံးရှေ့ကွေ့၍ ရုံးကြီးလမ်းဟောင်းအတိုင်းလျှောက်ကာ ပြည်နယ်အားကစားကွင်း၌ သွေးပူ လေ့ကျင့်ခန်း အတွဲ(၁)အမှတ်(၂)၊ အတွဲ(၂)အမှတ်(၁) ပြုလုပ်ကြပြီး အကြောဖြေ လေ့ကျင့်ခန်းများ အဖြစ်ဆောင်ရွက်ကြသည်။
ဒီဇင်ဘာလူထုစုပေါင်းလမ်းလျှောက်ပွဲတွင် ရှမ်းပြည်နယ်ဝန်ကြီးချုပ်နှင့်ဇနီး၊ ပြည်နယ် ဝန်ကြီးများ၊ ပြည်နယ်ဥပေဒချုပ်၊ ပြည်နယ်အစိုးရအဖွဲ့အတွင်းရေးမှူး၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ တောင်ကြီးပညာရေးဒီဂရီကောလိပ်မှ ဆရာ၊ ဆရာမများ၊ သူနာပြုသင်တန်းကျောင်းမှ သင်တန်းသူများ၊ အားကစားနှင့်ကာယာပညာ(သိပ္ပံ)မှ ကျောင်းသား၊ ကျောင်းသူများ၊ ဒေသခံပြည်များ၊ ကျောင်းသား၊ ကျောင်းသူများ တစ်ပျော်တစ်ပါး အင်အား(၁၃၀၀၀)ကျော် ပါဝင်လမ်းလျှောက်ကြပြီး လမ်းလျှောက်ပွဲသို့ တက်ရောက်လာသူများအား ကံစမ်းမဲလက်မှတ်များဖောက်ပေး၍ ကံစမ်းမဲပေါက်သူများကို ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်နှင့်ဇနီးတို့က ဆုများချီးမြှင့်ပေးကြသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် တောင်ကြီးမြို့ပေါ်ရှိ အခြေခံပညာ အထက်တန်းကျောင်းမှ ကျောင်းသူလေးများ အေးရိုးဗစ်ပါဝင်ယှဥ်ပြိုင်နေမှုကို ကြည့်ရှုအားပေး ကြကြောင်းသိရသည်။

ရှမ်းပြည်နယ်အစိုးရအဖွဲ့