ကျိုင်းတုံ ဒီဇင်ဘာ-၃
( ၂၀၂၄ ) ခုနှစ်၊ ကမ္ဘာ့ခုခံအားကျဆင်းမှုကူးစက်ရောဂါတိုက်ဖျက် ရေးနေ့ အထိမ်းအမှတ်အခမ်းအနားကို ဒီဇင်ဘာလ(၃) ရက် နံနက် ( ၉ ) နာရီခွဲတွင် ကျိုင်းတုံမြို့၊ ကုတင်(၂၀၀)ဆံ့ပြည်သူ့ ဆေးရုံကြီး၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ အခမ်းအနားသို့ ပြည်နယ်အစိုးရအုပ်ချုပ်ရေး အဖွဲ့ခွဲ ( ရှမ်းအရှေ့ ) ဥက္ကဌ၊ ဦးဇော်လွင်ဦး သည် ပြည်နယ်အစိုးရအုပ်ချုပ်ရေးအဖွဲ့ခွဲ (ရှမ်းအရှေ့)၊ အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာအကြီးအကဲများနှင့် တာဝန်ရှိသူများ၊ တပ်မတော်ဆေးရုံမှ တပ်မှူးနှင့် အထူးကုဆရာဝန်များ၊ မိခင်နှင့် ကလေးစောင့်ရှောက်ရေးအသင်းဝင်များ၊ အမျိုးသမီးရေးရာအဖွဲ့ဝင် များ၊ လူမှုရေးအသင်းအဖွဲ့များ၊ ဖိတ်ကြားထားသောဧည့်သည်တော်များနှင့်အတူ တက်ရောက်ခဲ့ ပြီး အခမ်းအနားတွင် ပြည်နယ်အစိုးရအုပ်ချုပ်ရေးအဖွဲ့ခွဲ ( ရှမ်းအရှေ့ ) ဥက္ကဌ၊ ဦးဇော်လွင်ဦး မှ အဖွင့်မိန့်ခွန်းပြောကြားခြင်း၊ ပြည်နယ်ကုသရေးနှင့် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး မှ ကမ္ဘာ့ခုခံ အားကျဆင်းမှုကူးစက်ရောဂါတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အခမ်းအနားအကြောင်း ရှင်းလင်းတင် ပြခြင်း၊ ပန်းချီ/ ပိုစတာပြိုင်ပွဲများတွင် ဆုရရှိသော အခြေခံပညာကျောင်းများမှ ကျောင်းသား/ သူများအား တာဝန်ရှိပုဂ္ဂိုလ်များမှ ဆုများချီးမြှင့်ပေးအပ်ခြင်း၊ မြန်မာနိုင်ငံတွင်း HIV / AIDS ရောဂါကာကွယ် ကုသရေးလုပ်ငန်းများနှင့်ပတ်သက်၍ ကြိုးပမ်းဆောင်ရွက်မှုမှတ်တမ်း Video အား ကြည့်ရှုကြပြီး ခင်းကျင်းပြသထားသော ဆုရပန်းချီ/ ကာတွန်း/ ပိုစတာများနှင့် မှတ်တမ်းဓါတ်ပုံပြခန်းများအား လှည့်လည်ကြည့်ရှုအားပေးခဲ့ကြောင်း သိရှိရပါသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့