တောင်ကြီး ဒီဇင်ဘာ-၄
၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်၊ တည်ဆောက်ရေးလုပ်ငန်းများနှင့် စီမံကိန်းလုပ်ငန်းများ၊ အကောင်အထည်ဖော်ဆောင်ရွက်မှုအခြေအနေနှင့် စီမံကိန်းလျာထားချက်ပြည့်မီရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ဒီဇင်ဘာလ (၄) ရက်၊ မွန်းလွဲ(၂)နာရီက တောင်ကြီးမြို့၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ၌ ကျင်းပသည်။
လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် ရှမ်းပြည်နယ်ဝန်ကြီးချုပ်ဦးအောင်အောင်က ပြည်နယ် စီမံကိန်းဦးစီးရုံးနှင့် ပြည်နယ်ရသုံးမှန်းခြေငွေစာရင်းဦးစီးဌာနတို့မှ သတ်မှတ်ထားသည့် စည်းမျဥ်း၊ စည်းကမ်းအတိုင်း လုပ်ငန်းများကို သတ်မှတ်ကာလအတွင်း စံချိန်စံညွှန်းမီအောင် ဆောင်ရွက် ပေးကြရန်လိုအပ်ပါကြောင်း၊ ဌာနဆိုင်ရာများကလည်း ဌာနအလိုက် အားနည်းချက်များရှိပါက ပွင့်ပွင့်လင်းလင်းတင်ပြပေးကြရန် ပြည်နယ်စီမံကိန်းဦးစီးရုံးနှင့် ပြည်နယ်ရသုံးမှန်းခြေငွေစာရင်း ဦးစီးဌာနမှလည်း ဌာနဆိုင်ရာများ၏ အားနည်းချက်များကို ထောက်ပြရှင်းလင်းသွားမည် ဖြစ်ကြောင်းပြောကြားသည်။
ထို့နောက် ပြည်နယ်စီမံကိန်းဦးစီးရုံး၊ ညွှန်ကြားရေးမှူးက လုပ်ငန်းများအားနည်း၊ အားသာချက်များနှင့်ပတ်သက်၍ရှင်းလင်းပြီး ပြည်နယ်ရသုံးမှန်းခြေငွေစာရင်းဦးစီးဌာန၊ ညွှန်ကြားရေးမှူးမှ ပြည်နယ်ဘဏ္ဍာရန်ပုံငွေတွင်ပါဝင်သော ဌာန၊အဖွဲ့အစည်းများ၏၂၀၂၄-၂၀၂၅ဘဏ္ဍာရေးနှစ်၊ ဧပြီလမှအောက်တိုဘာလအထိ ငွေလုံးငွေရင်းအသုံးစရိတ်အကောင်အထည် ဖော်နိုင်မှုအခြေအနေများရှင်းလင်းတင်ပြပြီး တက်ရောက်လာသည့်ဌာနဆိုင်ရာများမှ စီမံကိန်း လုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်မှုအခြေအနေနှင့် စီမံကိန်းလျာထားချက်များနှင့် ပက်သက်၍ တင်ပြဆွေးနွေးကြကြောင်းနှင့် ပြည်နယ်ဝန်ကြီးများက အထွေထွေဆွေးနွေးကြပြီး ပြည်နယ်ဝန်ကြီးချုပ်ကလိုအပ်သည်များဖြည့်စွက်ဆွေးနွေး၍ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးပြီး နိဂုံးချုပ်စကားပြောကြားကြောင်းသိရသည်။

ရှမ်းပြည်နယ်အစိုးရအဖွဲ့