ပင်လောင်း နိုဝင်ဘာ ၂၅
ရှမ်းပြည်‌နယ်တောင်ပိုင်း ပအိုဝ်းကိုယ်အုပ်ချုပ်ခွင့်ရဒေသ ပင်လောင်းမြို့နယ်တွင် (၁၀၄)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အခမ်းအနားကို နိုဝင်ဘာလ(၂၅)ရက် နံနက်ပိုင်းက အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းခန်းမ၌ ကျင်းပပြုလုပ်သည်။
ဦးစွာ အထက(၁) ကျောင်းသား/ကျောင်းသူတို့က ဇာတိမာန်တေးသီချင်းဖြင့် သီဆိုဖျော်ပေးပြီး၊ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ၊ သတိုးသီရိသုဓမ္မ မင်းအောင်လှိုင် ထံမှပေးပို့သည့် (၁၀၄)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ သဝဏ်လွှာအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ ဦးတင့်ဇော်ထက်က ဖတ်ကြားသည်။
ထို့နောက် (၁၀၄)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် စာစီစာကုံး၊ ကဗျာပြိုင်ပွဲတွင် ဆုရရှိသည့် ကျောင်းသား/ကျောင်းသူများအား တာဝန်ရှိသူတို့က ဆုများချီးမြှင့်ပေးကြပြီး၊ အထက(၁) ကျောင်းသား/ကျောင်းသူတို့က မြန်မာ့ကျောင်းတေးသီချင်းဖြင့် သီဆိုဖျော်ပေးကြကြောင်း သိရသည်။

ရှမ်းပြည်နယ်အစိုးရအဖွဲ့