တောင်ကြီး နိုဝင်ဘာ-၂၄
မြန်မာအမျိုးသမီးစီးပွားရေးစွမ်းဆောင်ရှင်များအသင်း Women Entrepreneurship Day 2024 ဂုဏ်ပြုအခမ်းအနားကို နိုဝင်ဘာလ (၂၄) ရက်၊ မွန်းလွဲ (၂) နာရီက တောင်ကြီးမြို့၊ Royal Taunggyi ဟိုတယ်၌ ကျင်းပသည်။
အခမ်းအနားတွင် တိုင်းရင်းသူလေးများမှ စည်းလုံးခြင်းအတွက်သီချင်းတစ်ပုဒ်ဖြင့် ဖျော်ဖြေတင်ဆက် ပြီး ရှမ်းပြည်နယ်ဝန်ကြီးချုပ်ဦးအောင်အောင်က မြန်မာအမျိုးသမီးစီးပွားရေး စွမ်းဆောင်ရှင်များအသင်းသည် Women’s Entrepreneurship Day ကိုဂုဏ်ပြုသည့် အထိမ်းအမှတ်အနေဖြင့် ရန်ကုန်မြို့မှ အစတည်ကာ Global Entrepreneurship Week အတွင်း ၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလ (၁၉) ရက်နေ့မှ (၂၄) ရက်နေ့ထိ အသင်းသူများရှိသည့် ရန်ကုန်၊ မန္တလေး၊ နေပြည်တော်၊ ပြည်နှင့် တောင်ကြီးစသည့် မြို့ (၅) မြို့တွင် 1,000 Entrepreneurs Campaign စွန့်ဦးတီထွင်စီးပွားရေးစွမ်းဆောင်ရှင် ၁၀၀၀ ပေါ်ထွက်လာရေးလှုပ်ရှားမှုဖြင့် ဆက်တိုက် ကျင်းပလျက်ရှိကြောင်း၊ ကမ္ဘာ့နိုင်ငံများတွင် ယခုလိုစွန့်ဦးတီထွင်စီးပွားရေးလုပ်ငန်းရှင်များ အတွက် ရက်သတ္တပတ်လှုပ်ရှားမှုအနေဖြင့် နှစ်စဥ်ဆောင်ရွက်ရခြင်း၏ ရည်ရွယ်ချက်သည် စျေးကွက်များကို ဦးဆောင်နေသည့် အောင်မြင်သောစွန့်ဦးတီထွင်စီးပွားရေးစွမ်းဆောင်ရှင်များကို ဂုဏ်ပြုရင်း စွန့်ဦးတီထွင် နိုင်သည့် စီးပွားရေးစွမ်းဆောင်ရှင်များ ပိုမိုပေါ်ထွန်းလာနိုင်ရန်အတွက်ဖြစ်ပါကြောင်း၊ မြန်မာအမျိုးသမီး စီးပွားရေးစွမ်းဆောင်ရှင်များအသင်းကြီးအနေဖြင့် မြန်မာအမျိုးသမီးထုတစ်ရပ်လုံး အတွက်သာမက နိုင်ငံတော် နှင့်ကမ္ဘာ့လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်မှုတို့အတွက် အောင်မြင်မှုများစွာ ရရှိပါစေကြောင်း ပြောကြားသည်။
ထို့နောက် မြန်မာအမျိုးသမီးစီးပွားရေး စွမ်းဆောင်ရှင်များအသင်း၊ အထွေထွေအတွင်းရေးမှူး ဒေါ်ချောခင်ခင်မှ ကြိုဆိုနှုတ်ခွန်းဆက်စကားပြောကြားခြင်းနှင့် Women Entrepreneurship Day 2024 ဂုဏ်ပြုခြင်းအကြောင်း ရှင်းလင်းပြီး မြန်မာအမျိုးသမီးစီးပွားရေးစွမ်းဆောင်ရှင်များအသင်းမှ ကြီးမှူး၍ အမျိုးသမီး MSME များ ဖွံ့ဖြုံးတိုးတက်ရေးအတွက် Digital Engagementin Women Entrepreneuship & Innovation (DEW) Program အား စတင်သည့် Launching နှင့် Program အား မိတ်ဆက်ပြီး စုပေါင်းဓါတ်ပုံရိုက်ကူးကြကြောင်းသိရသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့