တောင်ကြီး နိုဝင်ဘာ-၂၃
ရှမ်းပြည်နယ်အစိုးရအဖွဲ့က PNO အသွင်ပြောင်းပြည်သူ့စစ်ဌာနေအဖွဲ့၊ အင်းလေးပြည်သူ့စစ် အဖွဲ့နှင့် ဟိုပုံးရှိကိုရင်လေးကျောင်းသို့ အခြေခံစားသောက်ကုန် (ဆန်၊ ဆီ၊ ကြက်သွန်နီ)များ ထောက်ပံ့ပေးအပ်ခြင်း ကို နိုဝင်ဘာလ (၂၃) ရက်၊ နံနက် (၉) နာရီက တောင်ကြီးမြို့၊ ရှမ်းပြည်နယ် အစိုးရအဖွဲ့ရုံး၊ အစည်းအဝေး ခန်းမ၌ ကျင်းပသည်။
ထောက်ပံ့ပေးအပ်ပွဲတွင် ရှမ်းပြည်နယ်ဝန်ကြီးချုပ်ဦးအောင်အောင်က ပြည်သူ့စစ်(ဌာနေ) တပ်ဖွဲ့ဝင် များအနေဖြင့် မိမိတို့နယ်မြေလုံခြုံရေးကို တပ်မတော်နှင့်အတူ စွမ်းစွမ်းတမံကြိုးစား ဆောင်ရွက်နေသည့် အတွက် အသိအမှတ်ပြုပါကြောင်းနှင့် ရှမ်းပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ဆက်လက်ပြီးထောက်ပံ့မှုများကို ပေးအပ်သွားမည်ဖြစ်ကြောင်း ပြောကြားသည်။
ထို့နောက် PNOအသွင်ပြောင်းပြည်သူ့စစ်ဌာနေအဖွဲ့ဝင်များအား ဆန်၊ ဆီ၊ ကြက်သွန်နီနှင့် ထောက်ပံ့ငွေ များကို ရှမ်းပြည်နယ်ဝန်ကြီးချုပ်ဦးအောင်အောင်က ထောက်ပံ့ပေးအပ်၍လည်းကောင်း အင်းလေးပြည်သူ့ စစ်အဖွဲ့ဝင်များ၊ ဟိုပုံးမြို့ရှိကိုရင်လေးကျောင်းတို့အား ဆန်၊ ဆီ၊ ကြက်သွန်နီထောက်ပံ့ငွေများကို အရှေ့ပိုင်း တိုင်းစစ်ဌာနချုပ်တိုင်းဦးစီးချုပ်နှင့် ပြည်နယ်လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးတို့က ထောက်ပံ့ပေးအပ်ရာ ပြည်သူ့စစ်ဌာနေအသီးသီးမှ လက်ခံရယူ ကြကြောင်းသိရသည်။
၎င်းနောက် PNO အသွင်ပြောင်းပြည်သူ့စစ်ဌာနေအဖွဲ့ဝင် ဦးခွန်လှမောင် (တွဲဘက်ကွက်ကဲရေးမှူး) မှ ကျေးဇူးတင်စကားပြန်လည်ပြောကြားကြောင်း သိရသည်။

ရှမ်းပြည်နယ်အစိုးရအဖွဲ့